Sunday 1 January 2017

ဘဝဟူသည်..။



ပြင်းပြစွာ​ရေဆာ​နေတယ်​​.
ရေ​တော့မရှိဘူးအဆိပ်​ပဲရှိတယ်​။

သောက်​မိခဲ့ရင်​​သေသွားနိုင်​တယ်​။
ဒါ​ပေမယ့်​မ​သောက်​ပြန်​ရင်​လည်း​သေသွားလိမ့်မယ်​။

ဒီပြဿနာနှစ်​ခုပါပဲ…
တစ်​ဘဝလုံးလည်း​ပြေလည်မှုမရခဲ့ဘူး။

အိပ်​​ရေးလည်းမဝခဲ့သလို…
အိပ်​မက်​လည်းမပြည့်​စုံခဲ့ဘူး။

အချိန်​က​ပြောတယ်
နောက်​ထပ်​နဲနဲသည်းခံ​ပေးရင်​​ကောင်းမှာပဲ…

သည်းခံခြင်းက​ပြောတယ်
နောက်​ထပ်​နဲနဲအချိန်​ရရင်​​ကောင်းမှာပဲ....

မနက်​မနက်​ စီးပွားရှာဖို့​ စော​စောထရတယ်
စည်းစိမ်​ရှာဖို့ စည်းစိမ်​ကိုစွန့်​ပြီးသွား​နေရတယ်

အတတ်​ပညာ​​တွေက
လမ်းမ​တွေ​ပေါ်မှာပွဲဖြစ်​​နေတယ်​။

နဖူးစာ​တွေက​တော့
တိုက်​တာ​တွေထဲမှာစိုးမိုး​နေတယ်​။

သင်​နဲ့ပတ်​သက်​ပြီး
ငြီးငြူစရာ​တွေ​တော့အများကြီးပါပဲ

အို..ဘဝသက်​တမ်း.....

ဒါ​ပေမယ့်
သင်​​ပေးတဲ့အချို့အရာ​တွေကိုတောင်
အ​တော်​မျာများသူ​တွေမရကြတဲ့အတွက်
ငါလည်းတိတ်​တိတ်​ပဲ​နေ​နေလိုက်​တယ်​....!!

စည်းစိမ်​ဥစ္စာရဲ့ဆာ​လောင်​မှုက
ပြင်းထန်​လာ​တော့ရှာ​ဖွေဖို့ထွက်​ခဲ့လိုက်​တယ်​...

စည်းစိမ်​ဥစ္စာ လက်​ထဲရလာတဲ့အခါကျပြန်​​တော့
တော်​စပ်​မှု​တွေက လက်​လွတ်​သွားပြန်​တယ်​....

ရှာ​ဖွေရင်းနဲ့သားသမီး​တွေနဲ့အတူ​နေဖို့
မအားလပ်​နိုင်​ဘူးဖြစ်​​နေတယ်​......!!

အားလပ်​တဲ့အခါကျ​တော့သားသမီး​တွေက
ကိုယ်​တိုင်​ရှာဖို့ထွက်​သွားကြတယ်​.....!!

credit >> original uploader

No comments:

Post a Comment