Saturday 28 January 2017

သူငယ်ချင်း...။

သိန်းငှက်တွေဟာ
ဘယ်သူမှလက်ခုပ်တီး အားမပေးလည်း
အမြင့်ကို ပျံသန်းကြတယ်။

မြက်ကလေးတွေက
ဘယ်သူမှ မသနားလည်း 
မြေပြင်ပေါ်မှာ ကြီးထွားရှင်သန်ကြတယ်။

လမ်းဘေးနားက  ပန်းလေးတွေက
ဘယ်သူမှ မနှစ်သက်ပေမယ့်လည်း 
လှလှပပ  ဖူးပွင့်ကြပါတယ်။

ကိုယ်ဘာလုပ်လုပ် တစ်ခြားလူ
နားလည်စရာ  မလိုပါဘူး။

မိမိသာ အစွမ်းကုန်ကြိုးစား  
လုပ်ဆောင်နေဖို့ပဲ လိုပါတယ်။

ကိုယ့်ကို လူတိုင်းက
နှစ်သက်စရာမလိုပါဘူး။

အဓိပ္ပါယ်ရှိရှိ
ရှင်သန်နေဖို့ ပဲ လိုပါတယ်။

အကျိုးရှိတဲ့အလုပ်ကို ဇွဲရှိရှိလုပ်ဆောင်ရင်
လှောင်ရယ်သံများနဲ့ အထီးကျန်ခြင်းက  
အဝေးကို ပြေးထွက်သွားမှာ အမှန်ပါပဲ။

ဒဏ်ရာအနာတရတွေ ရခဲ့ရင်တောင်
ရုန်းကန် ထရပ်နိုင်ရတယ် ။

တကယ်တော့   
ဘဝဆိုတာ မရှည်ကြာပါဘူး ။

ဒီဘဝထဲ  ရောက်လာမှတော့ အဓိပ္ပါယ်ရှိရှိ   ငါတို့လှလှပပရှင်သန်ကြတာပေါ့ သူငယ်ချင်း…။

နိုင်းနိုင်းစနေ

No comments:

Post a Comment