Wednesday 11 January 2017

ဘဝ ခရီး..။


•••••••••

ဘ၀ဆိုတာ တိုက်ပွဲမဟုတ်တဲ့အတွက်
အနိုင်အရူံးကို သိပ်ပြီးအလေးမပေးသင့်သလို

ပြိုင်ပွဲလည်းမဟုတ်လေတော့…
အဆင့် ဆိုတာမျိုးလည်းသိပ်အရေးမစိုက်သင့်ပါဘူး။

လူလူချင်းဆိုတာ….
နားလည်မူ နည်းနည်းပိုလာရင် အထင်လွှဲမှု နည်းနည်းလျှော့နည်းသွားမှာဖြစ်သလို

ခွင့်လွတ်မူ နည်းနည်းပိုလာရင် 
စိတ်ရှုတ်ထွေးမူ နည်းနည်းကျဆင်းသွားမှာပဲ။

ကိုယ့်ရဲ့အမြင် ကိုယ့်ရဲ့အသိနဲ့ 
သူတစ်ပါးကိုဖြစ်ဖြစ် ကိစ္စတစ်ခုကိုဖြစ်ဖြစ် 
မှန်တယ် မှားတယ်ဆိုပြီး အလျင်စလို
သွားမဆုံးဖြတ်ပါနှင့်။

သူများတကာနဲ့
ကိုယ်နဲ့အမြင်ချင်း ယုံကြည်မူချင်းတူအောင်
ဘယ်တော့မှ သွားမတောင်းဆိုပါနှင့်။

နားလည်သင့်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့
ဘယ်တော့မှ သူများကိုသွားမမျှော်လင့်ပါနှင့်။

လူတိုင်းလူတိုင်း သူ့အမြင်နဲ့ သူ့အတွေးနဲ့ ရှိကြပါတယ်။

သူများကို ကွယ်ရာမှာ မဝေဖန်ပါနှင့်။
သူများဝေဖန်မည်ကိုလည်း ဘယ်တော့မှ မစိုးရိမ်ပါနှင့်။

အလကားအသုံးမကျတဲ့လူကို ဘယ်သူ့မှမဝေဖန်ချင်သလို
ထူးချွန်လေ အဝေဖန်ခံရလေဆိုတာ ဓမ္မတာပါပဲ။

သူများရဲ့အထက်မှာရှိတဲ့အချိန်မှာ 
သူများကို လူလို့ ထင်သင့်သလို…

သူများအောက်ကို ရောက်နေတဲ့အခါကျတော့ ကိုယ့်ကိုယ်ကို လူလိုထင်သင့်ပါတယ်။

ဘဝဆိုတာ ခရီးသွားခြင်းနဲ့ တူတတ်ပါတယ်။ 
ရလဒ်သည် ပန်းတိုင်မဖြစ်သင့်ပါ။ 

ခရီးစဉ်ကိုသာ အာရုံပြုခံစားနိုင်ကြပါစေ။ 

ခရီးစဉ်တစ်လျှောက် 
ပင်ပန်းဆင်းရဲတယ်ဆိုပေမဲ့…

လမ်းဘေးက 
လှပတဲ့ရူ့ခင်းတွေကိုတော့ ခံစားတတ်ဖို့ ဘယ်တော့မှမမေ့သင့်ပါကြောင်း……။

Ref: Wechat
Credit >> Sya Aung Ko Latt

No comments:

Post a Comment