Saturday 14 January 2017

အခက်ခဲမရှိဘူး ဆိုတာ ကြီးမားတဲ့ အခက်ခဲပါပဲ..။



NO-1(ပုံပြင်)
📚📚📚📚📚📚📚📚📚📚📚📚
တခါကကြွက်တစ်ကောင်ဟာ သွားရင်းလာရင်းနဲ့ မတော်တဆ ဆန်အပြည့်ရှိတဲ့ဆန်အိုးထဲကိုပြုတ်ကျသွားတယ်တဲ့
ပျော်တာပေါ့
ဒီလိုနဲ့ စားရင်း စားရင်းနဲ့ စားစရာဆန်ကုန်တဲ့အချိန်မှာမှ သူဟာအပြင်ကိုမထွက်နိုင်တော့တဲ့ သူ့အနေအထားကိုသတိပြုမိတော့သတဲ့....

NO.2(သင်ခန်းစာ)

-ဘဝမှာထောင်ချောက်တမျိုးရှိတယ်(သက်သာခြင်း)တဲ့

-ကိုယ်အပင်ပန်းခံကြိုးစားရုန်းကန်နိုင်တဲ့အချိန်တွေ/အခြေအနေတွေမှာ(သက်သာခြင်း)ကိုမရွေးခြယ်မိပါစေနဲ့တဲ့

-အခက်အခဲမရှိဘူးဆိုတာဟာ အကြီးမားဆုံးအခက်အခဲပါပဲတဲ့

-ကိုယ်ကကြိုးစားရုန်းကန်ချင်စိတ်မရှိဘူးဆိုရင် ကိုယ့်ရည်မှန်းချက်နဲ့မျှော်လင့်ချက်တွေကိုဖျက်ဆီးဝါးမျို ပစ်လိုက်မဲ့ အန္တရာယ်နဲ့အခက်အခဲတွေ တချိန်လုံးဝိုင်းရံနေတာကို သတိထားပါတဲ့

-မိမိဘဝကိုလက်ရှိအတိုင်းဆက်သွားဖို့က လွယ်ကူကောင်းလွယ်ကူနိုင်ပါလိမ့်မယ်တိုးတက်ဖို့ကတော့အလွန်ခက်ခဲမှာဖြစ်ပါတယ်တဲ့ခင်ဗျား

Credit;ညီထွန်း

No comments:

Post a Comment