Tuesday 17 January 2017

အထီးကျန်..နဲ့ တကိုယ်တော်.။

"အထီးကျန်" နဲ့ "တကိုယ်တော်"ဆိုတာ
ကွဲပြားခြားနားမှု့ရှိပါတယ်။

အထီးကျန်တယ်ဆိုတာက
အားငယ်မှု့ရှိနေတာကို ရည်ညွှန်းတယ်။
တကိုယ်တော်ဆိုတာကတော့
အားမာန်လေးရှိနေတာကို ရည်ညွှန်းတယ်။

အထီးကျန်တယ်ဆိုတာက
သိမ်ငယ်မှု့ကို ဖြစ်စေတယ်။
တကိုယ်တော်ဆိုတာကတော့
တက်ကြွမှု့ကို ဖြစ်စေတယ်။

အထီးကျန်တယ်ဆိုတာက
အဖော်တွေက ပစ်ထားခဲ့တယ်ဆိုတဲ့
အဓိပ္ပါယ်ကို ဖော်ဆောင်တယ်။
တကိုယ်တော်ဆိုတာကတော့
အဖော်တွေကို ကိုယ်က ပစ်ထားခဲ့နိုင်တယ်ဆိုတဲ့
အဓိပ္ပါယ်ကို ဖော်ဆောင်တယ်။
(ရသေ့ရဟန်းတွေကျင့်တဲ့ ဧကစာရီဆိုတာ
ဒီသဘောကို ရည်ညွှန်းတယ်)

အထီးကျန်တယ်ဆိုတဲ့ ခံစားမှု့ဝင်လာရင်
ဘဝဟာ ပျင်းရိသွေ့ခြောက်ပြီး
အနာဂတ်ဟာ ကြောက်ဖို့ ကောင်းနေလိမ့်မယ်။
တကိုယ်တော်ဆိုတဲ့ ခံစားမှု့ဝင်လာရင်တော့
ဘဝဟာ တက်ကြွလန်းဆန်းပြီး
အနာဂတ်ကို ရင်ဆိုင်ရဲ လာလိမ့်မယ်။

တစ်ယောက်ထဲ ဖြစ်နေတာခြင်းအတူတူ
အထီးကျန်ဆိုတဲ့ ခံစားမှု့လေးကို
အဝင်မခံမိဖို့  အရေးကြီးပါတယ်။
"တစ်ကောင်ထဲ ဒါပေမယ့် ခြင်္သေ့ "ဆိုတာကို
နှလုံးသားထဲနေရာပေးပြီး
တကိုယ်တော်ဆိုတဲ့ ရဲစိတ်လေးကို
မွေးပေးဖို့  လိုအပ်ပါတယ်။

ဘဝမှာ မိတ်ဆွေကောင်းဆိုတာ အရေးကြီးပါတယ်။
ဒါပေမယ့် တခါတရံမှာတော့
မိတ်ဆွေကောင်းတွေနဲ့ အဝေးကြီးမှာ
ရှိနေတတ်တဲ့ ဘဝအခြေအနေတွေကြားမှာ
အထီးကျန်တယ်ဆိုတာကို လက်မခံပဲ
တကိုယ်တော်ဆိုတဲ့အသိနဲ့ ဘဝခရီးကို
အားတင်းရှေ့ဆက်ဖို့  အရေးကြီးလှပါတယ်။

Credit;ဆောင်းရင်ခွင်

No comments:

Post a Comment