ချမ်းသာတာဟာ လူဖြစ်ရတဲ့ ဆုလဒ်တစ်မျိုးပါ။
ငွေမရှိလို့ မိမိဝါသနာကို စွန့်လွှတ်လိုက်ရသူတွေ ဘယ်လောက်များများ ရှိနေမလဲ။
ငွေမျက်နှာကြည့်သူတွေ ရဲ့ အနှိမ်ကို ခံရတာတွေ၊ စားဝတ်နေရေးအတွက် ပူပန်နေရတာတွေကို ငွေကြောင့် မျက်ရည်ကျခဲ့ဖူး သူတွေဘဲ ပို သိကြပါတယ်။
ဒုက္ခအမျိုးမျိုးတွေကြောင့် လူမှန်ရင်တော့ ချမ်းသာချင်ကြတာဘဲပေါ့. သူငယ်ချင်း။
အခုခေတ် လူငယ်တွေ ပေါက်ကရဖြစ်နေပေမယ့် မချမ်းသာချင်ဘူးလို့ မထင်လိုက်ပါနဲ့။
သူတို့ အပျော်အပါး တစ်ခုအပေါ် အိပ်မောကျနေကြလို့ပါ။
“၁၉၊ ၂၀အရွယ်မှာ မကြိုးစားရင် အသက်၃၀မှာ ယောင်ချာချာဖြစ်လာမယ်။
“၁၉၊ ၂၀အရွယ်မှာ မကြိုးစားရင် အသက်၃၀မှာ ယောင်ချာချာဖြစ်လာမယ်။
၄၀ အရွယ်မှာ ဘဝဟာ အခြေမခိုင် ဘဲ ထမင်းနပ်မှန်ဖို့တောင် မနည်းလုပ်ရလိမ့်မယ်။
၅၀လည်း ရောက်ရော သေချင်စိတ်ပေါက်ရော” ဆိုတဲ့ စကားဟာ ရှေ့ရေးအတွက် ကြောက်ရွံစရာ ကောင်းလှပါတယ်။
လူဖြစ်ရတဲ့ ဒုက္ခအရ တစ်နေ့ ထမင်း မစားရဘဲ ဘယ်သူမှ မနေနိုင်ပါဘူး။ အစား မစားမရရင် ကောင်းကောင်းမွန်မွန် မအိပ်နိုင်ကြပါဘူး။
အသက်ကြီးမှ ကိုယ့်ထက်ငယ်သူတွေရဲ့ အအော်အငေါက်ကို မျက်ရည်စက်လက်နဲ့ ခံနိုင်စွမ်း မရှိကြပါဘူး။ မာနမရှိဘူးလို့ ဘယ်လောက်ပြောပြော ရှိသင့်တဲ့မာနတွေ ကိုယ်စီ တို့တွေမှာ ရှိပါတယ်။
ဒီအချိန်မှာ ကိုယ့်ကိုကိုယ် မခိုင်းတဲ့အခါ နောင်ရင် ကိုယ့်ကို သူများက ခိုင်းစားပါလိမ့်မယ်။ ခိုင်းလို့သုံးလို့မရချိန် ပြစ်ထားပါလိမ့်မယ်။
ဒါဟာ သင် အခုချိန်မှာ အပင်ပန်းမခံထားခြင်းရဲ့ အကျိုးဆက်တွေမို့ သင့်ကိုယ်သင်သာ အပြစ်တင်ရပါလိမ့်မယ်။
ဒါကြောင့် နိုးထလိုက်ပါ သူငယ်ချင်း။ တို့တွေနဲ့ ရွယ်သူတွေ အိုးအိမ်တိုက်တာတွေ၊ ကိုယ်ပိုင်ကားတွေ စီးနိုင်နေချိန်မှာ တို့တွေက ဘက်စ်ကားပေါ်မှာ၊ နေပူထဲမှာ ချွေးထွက်နေ ရမယ်ဆိုရင် ဒီအိပ်မက်ဆိုးက နိုးထရမှာ တို့တွေရဲ့ တာဝန်ပါ။
နိုးထလိုက်ပါ။ အခွင့်အလမ်းတွေအပေါ် မကြောက်မရွံ တက်လှမ်းလိုက်ပါ သူငယ်ချင်း။
မင်းအတွက် မင်း အမြဲတမ်း ရှိနေပါတယ်။
Ref: Yangonlife
No comments:
Post a Comment