Saturday, 23 July 2016

မှတ်သားဖွယ်ရာ စကားများ...။

ဖုံးကွယ်လို့မရတဲ့ အရာ(၃)ခု။

၁။ ပညာမတတ်တာ။
၂။ဆင်းရဲတာ နဲ့။
၃။ချစ်တာပါ။
ဒီသုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေပါ။ 

လောကမှာ လက်မလွှတ်သင့်တဲ့ အရာ(၃)ခု။
၁။ ယုံကြည်မှု
၂။ မျှော်လင့်ချက်နဲ့
၃။ ရိုးသားမှုပါ
လက်လွှတ်လေ[နောင်တ]ရလေမို့ပါ။

လောကမှာ ဆိုင်းငံ့ထားလို့မရတဲ့ အရာ(၃)ခု။
၁။ အသက်
၂။ အချိန်နဲ့
၃။ ချစ်ခြင်းပါ
ဆိုင်းငံ့ ထားလေ ကွာဝေးသွားတတ်လို့ပါ။

လောကမှာ ဆောင်ထားရမဲ့ အရာ(၃)ခု။
၁။ လေးစားမှု
၂။ ရိုးဖြောင့်မှုနဲ့
၃။ ခင်မင်ဖော်ရွေမှုပါ
ဆောင်ထားလေ နောင်တကင်လေမို့လို့ပါ။

လောကမှာ နောက်ကိုမရွှေ့သင့်တဲ့ အရာ(၃)ခု။
၁။ အလှူအတန်း
၂။ မိဘကိုကျေးဇူးဆပ်ခြင်းနဲ့
၃။ ချစ်ခြင်းပါ
နောက်ကိုရွှေ့လေ
နောင်တရလေ မို့လို့ပါ..။

No comments:

Post a Comment