Wednesday, 20 July 2016

တကယ်ချစ်မိရင်...။


သြော်...........
မထင်မှတ်တဲ့အချိန်
မထင်မှတ်တဲ့နေရာ
မထင်မှတ်တဲ့ပုံစံနဲ့
ငါ့နှလုံးသားကို
လှုပ်နှိုးကာ
အချစ်ဆိုတာကို
သိလာအောင်သင်ပေးခဲ့တဲ့.....သူ။

ခုတော့လဲ
ပြောခဲ့ဖူးတဲ့စကား
ပေးခဲ့ဖူးတဲ့ကတိတွေကို
မေ့ပျောက်လို့
ငါ့ကိုရက်စက်စွာ
ထားခဲ့ပြီပေါ့..........

တစ်ကယ်တော့ငါဟာ
မဖြစ်နိုင်တဲ့
ဇာတ်လမ်းတစ်ပုဒ်ကို
မိုက်မဲစွာ
အသက်သွင်းဖို့
ကြိုးစားခဲ့မိသူပါ............
ဒါပေမယ့်......... ကောင်မလေးရယ်
မင်းကိုချစ်ခဲ့မိလို့
နောင်တဆိုတာ
ငါ့ဘ၀မှာ
ဘယ်တော့မှရှိမလာစေရဘူး......။

No comments:

Post a Comment