Monday, 18 July 2016

ကူညီခြင်း..။


ရှေးရှေးတုန်းက တရုတ်ပြည်မှာ လို့ဆိုပါတယ်။

အမှောင်ည တစ်ညမှာ ဘုန်းတော်ကြီးတစ်ပါးဟာ မျက်ကန်းတစ်ဦး မီးအိမ်ကိုင်ပြီး လမ်းလျှောက် သွာနေတာကို အံ့သြစွာတွေ့ရှိပါတယ်တဲ့။

ဘုန်းတော်ကြီး “ အလို ဟိုဘက်ရွာက ဒကာကြီးပါလား ၊ ဒကာကြီးက မျက်စိမမြင်ရဘဲနဲ့ ဘာလို့ မီးအိမ်ကြီးထွန်းပြီး လမ်းလျှောက်နေပါလိမ့်၊

ဒကာ “ ကျနော်မမြင်ရတာ မှန်ပေမဲ့ သူများမြင်ရအောင် ထွန်းထားတာပါ ဘုရား “

ဘုန်းတော်ကြီး “ ဒါဆို ဒကာကြီးက သူများတွေ မြင်ရဖို့ ကူညီတဲ့သဘောနဲ့ မီးအိမ်ထွန်းတာပေါ့၊ ဟုတ်လား “

ဒကာ “ သူများလည်း ဒကာကြီးကို မတိုက်မိအောင်လို့ပါ ဘုရား “

ဘုန်းတော်ကြီး “ အော..ဘုန်းကြီးသိပြီ၊ သူများကို ကူညီတယ်ဆိုတာ အမှန်တော့ ကိုယ့်ကိုကို လည်းကူညီရာ ရောက်တာပါပဲ” တဲ့

ဆင်ခြင်လို့ ရအောင် ဝေမျှလိုက်ပါတယ်။
Credit to: Sayar Aung Ko Latt

No comments:

Post a Comment