Tuesday, 19 July 2016

ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်....။


ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ကို လူတိုင်းမကွဲပြားနိုင်ကြတာကိုတွေ့ တွေ့ နေရတယ် ။ 
အဲ့လို မကွဲပြားတဲ့သူတွေကို ကြည့်လိုက်တိုင်းလည်း သူတို့ ကိုယ်တိုင်ကိုက အနာဂါတ်ဆိုတာ ဝေတေ၀ါးတားပဲ ။ 

ကမ်းပျောက်တဲ့ လှေလိုပဲဖြစ်နေတယ် ။ ယောင်လည်လည်နဲ့ အရွက်ကျ အပင်ပေါက်ဘ၀ဖြစ်နေကြတာတွေ့ ရတယ်။
ကိုယ်လက်ကိုင်ထားတာ ရည်မှန်းချက်လား၊ ရည်ရွယ်ချက်ပဲလား
ဆိုတာကို ဘာမှန်းမသိဘူး ။  ဘ၀မှာ ရည်ရွယ်ထားတာတွေ များကြီးရှိကောင်းပါရဲ့၊ ဒါပေမယ့် ကိုယ့်ဘ၀မှာ အဖြစ်ချင်ဆုံးနဲ့ ဆန္ဒအပြင်းပြဆုံးထားရမည့်တစ်ခုက ရည်မှန်းချက်ဆိုတာကိုနားလည်ရပါမယ် ။ 

ရည်မှန်းချက်ဆိုတာ ရည်ရွယ်ချက်တွေ အများကြီးထဲကမှ နောက်ဆုံးစကာတင်ကျန်ခဲ့တဲ့ အရာမျိုးဖြစ်တယ် ။
ရည်ရွယ်ထားတယ်ဆိုတာ ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူးပေါ့ ။ သူကတော့ ဦးတည်ချက်တွေအရမ်းများတယ်၊ ရွေးချယ်နေရတာလည်း များတယ် ။

 ဒီတစ်ခုကိုလည်းရည်ရွယ်ထားတယ်၊ ဟိုတစ်ခုကိုလည်း ရည်ရွယ်ထားတယ်၊ ဒီတစ်ခုမရရင် ဟိုတစ်ခုပေါ့ ။ ဒါကြောင့် ဘ၀မှာ ရွေးချယ်တာတွေ အများကြီးရှိနေတာကို ရည်ရွယ်တယ်လို့ ခေါ်တယ် ။ 

ဂရုစိုက်ပြီး တော့ရွေးချယ်ဖို့ လိုအပ်တယ် ။ရည်မှန်းချက်များကျတော့ ဖြစ်ကိုဖြစ်အောင်လုပ်ရမှာမျိုး၊ ဘ၀မှာအမှားယွင်းဖြစ်လို့ မရဘူး၊ မဖြစ်မနေ ကိုယ်သွားရမည့် ပန်းတိုင်မျိုး၊ ဆုံးဖြတ်ချက်ပြတ်သားစွာချပြီးမှာ အကောင်အထည်ဖော်တဲ့အရာမျိုးဖြစ်တယ် ။ 

ဥပမာ..ငါ သွားဆရာဝန်ကြီးဖြစ်ကိုဖြစ်ရမယ်၊ မြို့ ပြ အင်ဂျင်နီယာကြီးဖြစ်ကိုဖြစ်ရမယ်၊ စစ်ဗိုလ်ကြီး ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်မျိုးဖြစ်ပါတယ်။ 
ရည်မှန်းချက်ကတော့ မဖြစ်သွားတဲ့အခါ ကိုယ့်အတွက်ရော ကိုယ့်မိသားစု အတွက်ပါ သိပ်ကို အန္တရာယ်ကြီးပါတယ် ။

ဒါကြောင့်ဘ၀မှာ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်ကို ကွဲပြားအောင်ကြိုးစားပါ ။ မရောပြစ်လိုက်ပါနဲ့ ။ ရည်မှန်းချက်ဆိုတာကို ခိုင်ခိုင်မာမာမချပဲ၊ ရည်မှန်းထားတယ်ဆိုတဲ့ စကားလုံးနဲ့ ပေါ့ဆဆ လုပ်မပြစ်လိုက်ပါနဲ့ ။ 

ဘ၀မှာ အပြောင်းလဲကြီး ပြောင်းလဲသွားနိုင်ပါ
တယ် ။ ရည်ရွယ်ထားတဲ့ အများကြီးထဲက တစ်ခုကိုရွေးပြီး ရည်မှန်းချက်အဖြစ် အောင်မြင်အောင် ချမှတ်သွားနိုင်မှ အဓိပ္ပာယ် နဲ့ပြည့်နှက်တဲ့ ဘ၀ကို ပိုင်ဆိုင်ကြရမှာဖြစ်တယ် ။
Credit to True Man

No comments:

Post a Comment