ကျွန်တော်တို့မှာ နားနှစ်ဖက်ရှိပြီး လျှာတစ်ချောင်းသာ ပါတဲ့အတွက် များများနားထောင်ပြီး နည်းနည်းပဲပြောပါလို့ ဂရိတွေးခေါ်ပညာရင်Diogenes Laertius က ပြောခဲ့ဖူးပါတယ်။Diogenes ပြောသလိုပါပဲ။
သင့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေအပါအ၀င် ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် ခဏတွင်းချင်းမှာ ဆက်သွယ်မှုကောင်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ပါးစပ်ပိတ်ပြီး နားထောင်နေရုံပါပဲ။
နားထောင်ခြင်းရဲ့အနှစ်သာရကို အမှန်တကယ်နားလည်သူ လူနည်းစုလောက်ဟာ သူတို့ရဲ့ ပုဂ္ဂိုဟ်ရေးဘ၀မှာရော ပရော်ဖက်ရှင်နယ်ပိုင်းမှာပါ ကြီးကြီးမားမားအကျိုးကျေးဇူးတွေ ခံစားကြရပါတယ်။
သင့်ရဲ့မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် သင့်ပါတနာနဲ့ စကားပြောခဲ့ကြတာတွေကို ပြန်စဉ်းစားကြည့်ပါ။
စကားအများဆုံးပြောတဲ့သူက ဘယ်သူပါလဲ ? သင်ဆိုရင်တော့ ဒီစာကို ဆုံးအောင် ဆက်ဖတ်ပါ။ မဟုတ်ဘူးဆိုရင်လည်း ဆက်ဖက်ပါ။
လေ့လာမှုတွေအရ လက်ရှိအသက်မွေးဝမ်းကျောင်းအလုပ်တွေထဲက (၂)ရာခိုင်နှုန်းလောက်ကပဲဘယ်လိုနားထောင်ရမယ်ဆိုတာကို သင်ကြားခဲ့ကြရတယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ဟာ တစ်မိနစ်မှာ စာလုံး (၁၂၅)လုံးကနေ (၂၅၀)လောက်အထိ နားထောင်ကြရပါတယ်။
ဒါပေမယ့် တစ်မိနစ်အတွင်းမှာ စဉ်းစားရတဲ့ စာလုံးအရေအတွက်ကတော့ (၁၀၀၀)ကနေ (၃၀၀၀)အထိ ရှိပါတယ်။
တစ်စုံတစ်ယောက်နဲ့ စကားပြောဆိုရတဲ့အဓိကအချက်က အချင်းချင်းအပြန်အလှန် ဆက်သွယ်နားလည်ဖို့ဖြစ်ပါတယ်။
ဒီနေရာမှာ လွဲမှားနေကြတဲ့ အမှန်တရားတစ်ခုက ကျွန်တော်တို့အများစုက တုံပြန်ပြောဆိုဖို့လောက်ပဲ နားထောင်ကြားသိကြပြီး နားလည်သည့်အထိ နားမထောင်တတ်ကြတာပဲဖြစ်ပါတယ်။
သတင်းအချက်အလက်က စွမ်းအားဖြစ်ပါတယ်။သတင်းအချက်အလက်တွေမှာ စွမ်းအားပြည့်ဝတဲ့ အကျိုးသက်ရောက်မှုတွေရှိတာကြောင့်သတင်းအချက်အလက်များများရရှိဖို့ အချိန်ကိုဉာဏ်ရှိရှိအသုံးချတတ်ဖို့ လိုပါတယ်။
ကျွန်တော်တို့အချိန်ကို အခြားလူတွေဆီက သင်ယူဖို့ အသုံးပြုသင့်ပါတယ်။
ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ် လူတိုင်းမှာ ကျွန်တော်တို့ကို သင်ကြားပြသပေးနိုင်တာတစ်ခုခုတော့ ရှိနေတတ်ပါတယ်။
စကားပြောတာနဲ့ နားထောင်တာကို ပိုင်းခြားဖို့အတွက် (၈၀/၂၀) အချိုးကို အသုံးပြုလို့ရပါတယ်။အဓိပ္ပါယ်က ကောင်မလေးနဲ့ ချိန်းတွေ့ချိန်မှာပဲဖြစ်ဖြစ်၊ အများသူငှာနဲ့တွေ့ဆုံချိန်မှာပဲဖြစ်ဖြစ်နားထောင်ချိန်ကို (၈၀)ရာခိုင်နှုန်းပေးပြီး စကားပြောချိန်ကို (၂၀)ရာခိုင်နှုန်းလောက်သာ သတ်မှတ်ထားရှိတာဖြစ်ပါတယ်။
အားလုံးက စကားပြောတာရပ်သွားပြီး သင့်ရဲ့အတွေးဝေမျှမှုကို နားထောင်နေတာမဟုတ်ရင် စကားကို နည်းနည်းပဲပြောပြီး များများနားထောင်တာက ဘယ်သူနဲ့မဆိုခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
သင်ပြောသမျှအရာအားလုံးကို နားလည်ပုံရပြီးသင်တစ်ယောက်တည်းအခန်းထဲမှာ ရှိနေသလိုခံစားရအောင် လုပ်နိုင်သူတွေကို ကြုံဖူးပါသလား၊ သူတို့တွေက ခေါင်းလေးတညိမ့်ညိမ့်နဲ့သင်ပြောပြီးသားကိစ္စတွေကို ပြန်ပြောတတ်သလိုသင်ဖြစ်ရပ်နဲ့ ဆင်တူတဲ့ အကြောင်းအရာလေးတွေကို ဝေမျှတတ်ကြပါတယ်။
စကားပြောဆိုမှုတစ်ခုလုံးမှာ သူတို့နှုတ်ကနေ စကားလုံး (၅၀)ခန့်လောက်အထိပဲ ထွက်လာတတ်ပါတယ်။
သူတို့ကသင့်နဲ့ တူညီတဲ့အကြောင်းအရာလေးတွေကိုဝေမျှပေးခဲတာကြောင့် ပုဂ္ဂိုဟ်ရေးအရဆွဲဆောင်နိုင်မှု ရှိတတ်ကြပါတယ်။
အခုပြောခဲ့တာတွေက စကားနည်းနည်းပြောပြီးနားထောင်တာဟာ အရမ်းလွယ်တယ်လို့ မဆိုလိုပါဘူး။
ဒါပေမယ့် ဦးဆောင်ရမယ့် ခေါင်းဆောင်တိုင်းအတွက်ကတော့ နားထောင်တတ်ဖို့ လိုအပ်ပါတယ်။
လူတစ်ချို့က သင်ဘယ်လောက်ထိကောင်းကောင်းပြောတတ်လဲဆိုတာကို အထင်ကြီးလေးစားတတ်ကြပေမယ့် လူတွေ တကယ်ဂရုစိုက်တတ်ကြတာက သင်ဘယ်လောက်အထိကောင်းကောင်းနားထောင်တတ်သလဲ ဆိုတာကိုပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်သင့်ရဲ့နားကို စွင့်ထားပြီး သင့်ရှေ့ကလူကို ရိုကျိုးစွာဆက်ဆံပါ။
တစ်ခုသတိထားရမှာက သင့်ရဲ့ဖုန်းကြောင့်လည်း အနှောက်အယှက်အဖြစ်မခံဖို့ပါပဲ။
Ref: Gentleman Magazine
Ref: Gentleman Magazine
No comments:
Post a Comment