၁ ။ အသိပညာနောက်တစ်ဆင့် တိုးတက်ပြောင်းလဲစေဖို့အတွက်
အကောင်းဆုံး လေ့လာသင်ကြားခြင်းက စာပေများကို ဖတ်ရှုခြင်းပါပဲ ။
၂ ။ အလုပ်လုပ်တဲ့အခါ ၊ ပညာရပ်တစ်ခုကို သင်ယူတဲ့အခါ
ကျွန်တော်တို့ သူများထက်နောက်ကျနေခဲ့လို့ပဲဖြစ်ဖြစ် ၊
ဘယ်လိုမှ လိုက်မမှီနိုင်တော့တဲ့အခြေအနေမှာပဲ ဖြစ်ဖြစ်
အရေးကြီးတာ ကျွန်တော်တို့ သွားနေတဲ့ ခြေလှမ်းတွေ
ရပ်မနေဖို့ပဲလိုတယ် ။
၃ ။ အောင်မြင်နေတဲ့ သူတွေကိုကြည့်ပြီး သူတို့တွေလို
ဖြစ်ဖို့ စိတ်ကူးယဉ်အဆင့်တွေမကျော်မိပါစေနဲ့ ၊
သူတို့ ဘယ်လိုစတင်ခဲ့သလည်း ဆိုတာသိရှိပြီး
ကိုယ် ကိုယ်တိုင် လိုက်နာကျင့်သုံးတတ်ဖို့သာ အရေးကြီးပါတယ် ။
Ref:kunnay media
No comments:
Post a Comment