သင် ပစ္စည်းတစ်ခုကို တီထွင်လိုက်တယ်။ ဒါမှမဟုတ် စာတစ်ပုဒ် ရေးလိုက်တယ်။ ပြီးရင် အဲဒါကို ကောင်းသလား၊ မကောင်းဘူးလား သိချင်လို့ မိတ်ဆွေအပေါင်းအသင်းတွေကို လိုက်မေးကြည့်လိုက်ပါ။
ဘာအဖြေရမယ် ထင်သလဲ။ အများစုက ကောင်းတယ်လို့ ပြောကြမယ်။ ဘာဖြစ်လို့လဲ။ အခင်အမင် ပျက်မှာစိုးလို့၊ ဆက်ဆံရေး ထိခိုက်မှာ စိုးလို့၊ သင် စိတ်မကောင်းဖြစ်မှာ စိုးလို့ သင့်ပစ္စည်းမကောင်းရင်လည်း ကောင်းတယ်လို့ပဲ ဖြေကြမှာပါ။
လူ့သဘာဝက အမှန်အတိုင်း ပြောရမှာထက် သူတပါးကို စိတ်မဆင်းရဲစေချင်တဲ့ ဆန္ဒက ပိုပါတယ်။
သင့်ပစ္စည်းကောင်း မကောင်းကို တကယ်ပဲ သိချင်ရင် စောစောကလို ကောင်းသလား မကောင်းသလားဆိုတဲ့ မေးခွန်းအစား "ပစ္စည်းမှာ ဘာချို့ယွင်းချက်တွေ ရှိသလဲ။
သင့်ပစ္စည်းကောင်း မကောင်းကို တကယ်ပဲ သိချင်ရင် စောစောကလို ကောင်းသလား မကောင်းသလားဆိုတဲ့ မေးခွန်းအစား "ပစ္စည်းမှာ ဘာချို့ယွင်းချက်တွေ ရှိသလဲ။
ဘာတွေကို ပိုကောင်းအောင် လုပ်လို့ ရမလဲ" ဆိုတဲ့ မေးခွန်းမျိုး မေးကြည့်ပါ။ သင့်မိတ်ဆွေတွေဟာ သင့်အကျိုးကို တကယ်လိုလားသူဖြစ်ရင် သူတို့တွေ့မြင်ထားတာတွေကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြပါလိမ့်မယ်။
သူတို့ပြောကြတာတွေဟာ သင် မျော်လင့်ထားတဲ့ အဖြေ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ သူပြောတာ အမှန်အကန်ဆိုရင် လက်ခံလိုက်ပါ။ မမှန်ဘူးဆိုတော့လဲ ဂရုမစိုက်ပဲ နေလိုက်ပါ။ ဒါပေမဲ့ သင့်ပစ္စည်းကို ပိုကောင်းအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ သိလာမယ်။
ချို့ယွင်းချက်ကို ပြင်ဖို့ အခွင့်အရေးတွေ ရလာလိမ့်မယ်။
ဒါကြောင့် သင့်ဘဝမှာ တိုးတက်ချင်ရင် သူများတွေရဲ့ ချီးကျူးမှုကို မရှာပါနဲ့။သူတို့ရဲ့ ဝေဖန်မှုကို ရှာပါ။
Ref: ဗန်းမော်သိန်းဖေ
ဒါကြောင့် သင့်ဘဝမှာ တိုးတက်ချင်ရင် သူများတွေရဲ့ ချီးကျူးမှုကို မရှာပါနဲ့။သူတို့ရဲ့ ဝေဖန်မှုကို ရှာပါ။
Ref: ဗန်းမော်သိန်းဖေ
No comments:
Post a Comment