သူမရဲ့
အပြုံးလေးတစ်ချက်မှာ
ငါအရာအားလုံးကို ရင်ဆိုင်ရဲခဲ့တယ်..။
သူမရဲ့
အကြည့်လေးတစ်ချက်မှာ
ငါ့နှလုံးသားတစ်စုံ
လွတ်ကျခဲ့တယ်..။
သူမရဲ့
စကားသံလေးတွေ အောက်မှာ
ငါ့ဘ၀တစ်ခုလုံးမေ့မော သာယာခဲ့တယ်..။
နောက်ပြီး..
သူမရဲ့..........သူမရဲ့..........သူမရဲ့...သူမရဲ့....
မဆုံးနိုင်တဲ့ ညှို့ငင်မှုတွေအောက်မှာ
ငါဟာ....နစ်မျောရင်း...။
No comments:
Post a Comment