“အချစ်ဆိုတာ နားလည်ခြင်းပဲ”တဲ့။ ဟုတ်တယ်။ ဘယ်မှာပဲဖြစ်ဖြစ် နားလည်မှုတွေ
လွဲရင် အချစ်တွေနည်းလာတတ်ပါတယ်။ အချစ်နည်းရင် အပြစ်တွေလည်း တွဲလာတတ်ပါတယ်။
လွဲရင် အချစ်တွေနည်းလာတတ်ပါတယ်။ အချစ်နည်းရင် အပြစ်တွေလည်း တွဲလာတတ်ပါတယ်။
အပြစ်တွဲရင် အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့ပဲ လာတတ်ပါတယ်။ ဒါကြောင့် ဘဝမှာ အားလုံးဟာ
အချင်းချင်း နားလည်မှုတွေနဲ့ ဆက်ဆံကြရမှာပါ။ ဒါပေမယ့် တစ်ခါတလေ ကိုယ်ကနားလည်မှုတွေ
ပေးပေမယ့် တစ်ဘက်က နားမလည်လို့ အားငယ်ရတာတွေလည်း ရှိတတ်ပါတယ်။
ကိစ္စမရှိပါဘူး။
သူနားမလည်တာ ကိုယ်အားငယ်ဖို့မှ မဟုတ်တာ။ ကိုယ့်ဘက်က လုပ်နိုင်တဲ့၊ လုပ်သင့်တဲ့
အလုပ်ကို လုပ်တာပဲမဟုတ်လား။ နားလည်မှု ပေးတယ်ဆိုတာ ကိုယ့်ဘက်ကလုပ်ရမယ့် အလုပ်ပါ။
အလုပ်ကို လုပ်တာပဲမဟုတ်လား။ နားလည်မှု ပေးတယ်ဆိုတာ ကိုယ့်ဘက်ကလုပ်ရမယ့် အလုပ်ပါ။
နားလည်တာနားမလည်တာက သူ့ဘက်က အလုပ်ပါ။ ကိုယ်ကနားလည်မှုပေးရင် အရင်ဆုံး
ကိုယ်ခံစားနေရတဲ့ အလိုမကျမှု၊ မကျေနပ်မှု၊ အစာမကြေမှုတွေ လျော့သွားမှာပါပဲ။
ကိုယ့်ဘက်က စစ်မှန်တဲ့ စေတနာနဲ့ မေတ္တာမပျက်ဘဲ သီးခံမှုလေးတွဲပြီး နားလည်ပေးနိုင်ရင် အချိန်တန်တဲ့အခါ သူ့ဘက်ကလည်း နားလည်မှုတွေ ပြန်ပေးလာမှာ အသေအချာပါပဲ။
ဒါကြောင့် နားလည်မှုလွဲလို့ အားငယ်မှုတွေ တွဲနေကြတဲ့သူတွေအနေနဲ့ ဘာမှအားငယ်စရာ မရှိပါဘူး။
သူနားမလည်တာ ကိုယ်အားငယ်ဖို့ မဟုတ်ပါဘူး။ ကိုယ်နားလည်ပေးတာ ကိုယ့်ကိစ္စ၊
သူနားမလည်တာ သူ့အပိုင်း၊ ကိုယ့်သမိုင်းကိုယ် မရိုင်းဖို့ပဲ ကြိုးစားကြတာပေါ့။
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Ref: Young Buddhist Association
No comments:
Post a Comment