တူညီစွာရရှိထားတဲ့ ဒီအခွင့်အရေးကို လူနည်းစုကသာ မိမိရရအသုံးချတတ်ပြီးတော့ အမှားတွေကို အမှန်ဖြစ်အောင် ပြုပြင်နေထိုင်ကြတယ် ။
ပြီးတော့ သဘာဝတရားကပေးတဲ့ တစ်ရက် ၂၄ နာရီ အချိန်ကိုလည်း တူညီစွာရရှိကြတယ် ။ ဒီအခွင့်အရေးကိုလည်း လူအများစုက လက်လွတ်ဆုံးရှုံးကြပြန်တယ် ။
ကွန်တော်တို့တွေဟာ အမှားထဲက အမှန်ကိုရှာပြီး ဘဝကို အကောင်းဆုံးဖြစ်အောင် ပြုပြင်နေထိုင်ကြရ သူတွေပါ ။
ကိုယ့်ကို ပြောင်းသင့်တာတွေပြောင်းပြီး ပြင်သင့်တာကိုပြင်ရသလို မလိုအပ်တဲ့အချို့ သော အရာတွေကို သံယောဇဉ်ဖြတ် ဖယ်ထုတ်ပစ်ရတာမျိုး တွေလည်းရှိမယ် ။
ဒါပေမယ့် လူတွေက ကိုယ့်ကို ပြောင်းလဲခြင်းဆိုတဲ့ အရာကို အင်မတန်ကြောက်ကြတယ် ။
တိုးတက်အောင်မြင်လာတဲ့သူတွေရဲ့  ဘဝမှာ သူတို့ကိုယ်သူတို့ ပြောင်းလဲခြင်းဆိုတဲ့ အရာတစ်ခုကိုပဲ လုပ်ဆောင်ကြသူတွေပါ ။
Choice လို့ခေါ်တဲ့ ရွေးချယ်ခွင့်ရှိတယ် ။
မှားခဲ့လို့ Chance ဆိုတဲ့အခွင့်အရေးရှိတယ် ။
ဒါကို ကိုယ့်ဘက်က Change လုပ်နိုင်ဖို့ပါပဲ ။
Ref: Khun Nay
No comments:
Post a Comment