Sunday, 31 July 2016

လောကမှာ အကဲ့ရဲ့ မခံရတဲ့သူ တစ်ယောက်မှ မရှိဘူး...။



အကောင်းပြောခံရတဲ့အခါ ကျေနပ်နှစ်သက်တတ်ရင်၊ မကောင်းပြောလာခဲ့ရင်လည်း လက်ခံနိုင်တတ်ရမယ်။ 
အကောင်းကျတော့ကြိုက်ပြီး မကောင်းကျတော့ 
မမိုက်ဘူးဆိုရင် ဒါဟာ လောကရဲ့သဘာဝကို လက်မခံနိုင်သေးတာပဲ။

လာကမှာ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတာ နေရာတိုင်းမှာ ရှိနေတယ်။ လူတိုင်းမှာ ရှိနေမယ်။ အလုံးစုံပြည့်စုံနေတဲ့ ဘုရားစတဲ့ 
သူတော်ကောင်းကြီးတွေတောင် ကြုံတွေ့ရတတ်တယ်။

 ကိုယ်လိုသူတွေ ကြုံနေရတာ ဘာဆန်းသလဲပေါ့။ 
ဘုရားမြတ်စွာကလည်း “နတ္ထိ လောကေ အနိန္ဒိတော- လောကမှာ အကဲ့ရဲ့ မခံရတဲ့သူ တစ်ယောက်မှ 
မရှိဘူး”လို့ မိန့်တော်မူတယ်။ 

ဒါကြောင့် ချီးမွမ်းခံရလို့လည်း နားထင်သွေးရောက် ခပ်မြောက်မြောက် မဖြစ်နဲ့။ အကဲ့ရဲ့ ခံရလို့လည်း တုန်လှုပ်ခြောက်ခြားသောကမများနဲ့။ လောကသဘာဝ တဒင်္ဂလို့ 
သဘောထား။မနောအား ကောင်းအောင်သာ ကြိုးစားပြီး ရိုးသားမှုကို အခြေခံ လောကဓံကို အန်တုရင်း 
ရှေ့သို့ချီတက် ခရီးဆက်ဖို့ပါပဲ။

ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ-ဒိုက်ဦး
Ref:Young Buddhist Association

No comments:

Post a Comment