Tuesday 25 October 2016

ဒဏ်ရာ..။




ဒဏ်ရာ
====

သစ်သားပြားတစ်ခုအပေါ်မှာ
သံတစ်ချောင်းကို ရိုက်လိုက်တယ်။
သံကို ပြန်နှုတ်ကြည့်လိုက်ပါ။
သံက သစ်သားပြားပေါ်မှာ
မရှိတော့ပေမယ့်
သံရဲ့ ဒဏ်ရာကတော့
သစ်သားအပေါ်မှာ ကျန်ခဲ့တယ်နော်။

နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ ပြောနေတဲ့ စကား..
. ကျွန်တော်တို့ပြုမူခဲ့တဲ့ အမူအရာတွေဟာ
 သူတစ်ပါး ရင်ဘတ်ပေါ်ကို စိုက်ဝင်သွားမယ့်
အသွားချွန်ထက်တဲ့ သံချောင်းတွေဆိုတာ မမေ့သင့်ပါ။

မပြောခင် သုံးသပ်

မလုပ်ခင် စဉ်းစား...
သူတစ်ပါးက သူ့ရင်ဘတ်ကို
ပြန်ပြီးပွတ်သပ်စဉ်းစားလိုက်တိုင်း တွေ့နေရမယ့် ဒဏ်ရာဆိုးဆိုးတွေ မဖြစ်ပါစေနဲ့...

Eagle Breeze
Credit>>စာအုပ်မြို့တော်


No comments:

Post a Comment