သူများရဲ့ အမှားကို ရှာတာ လွယ်တယ်။ ကိုယ့်အမှားကို လက်ခံဖို့ကျတော့ ခက်တယ်။
အမှားကို ပြုပြင်ဖို့က ပိုခက်တယ်။
အသိဉာဏ်အားနည်းရင် ကိုယ့်အမှားကို မမြင်ဘဲ သူတပါး အမှားကို ရှာဖွေပုတ်ခတ်ပြောဆိုကာ ကိုယ့်အမှားကို ကာကွယ်တတ်တယ်။
လုပ်သမျှအလုပ်၊ ပြောသမျှ စကား၊ ကြံသမျှ အတွေးများဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိဖြစ်တတ်တယ်။
ပညာအသိရှိတဲ့သူဟာ သူများအမှားကို မနှိမ်ချဘဲ ကိုယ်ကောင်းအောင်သာကြိုးစားတယ်။
သူများအမှားကို သင်္ခန်းစာယူပြီး ကိုယ်မှန်အောင်သာ အားထုတ်လေ့ရှိတယ်။
အသိပညာရှိသူတွေရဲ့
လုပ်ရပ်ဟာ မိမိသူတပါးအကျိုးများမှုကိုသာ ဖြစ်စေတယ်။ ဒါကြောင့် အသိပညာ ရှိအောင်ကြိုးစားရမယ်။
လုပ်ရပ်ဟာ မိမိသူတပါးအကျိုးများမှုကိုသာ ဖြစ်စေတယ်။ ဒါကြောင့် အသိပညာ ရှိအောင်ကြိုးစားရမယ်။
အသိပညာရှိဖို့အတွက် စာများများဖတ်ရမယ်။ စာစုံဖတ်ရမယ်။ အတွေ့အကြုံများအောင်
ကြိုးစားရမယ်။ အရေးကြီးဆုံးက အမှားနည်းအောင် သတိဆောင်ရမယ်။ သတိရှိရင် တရားရှိတယ်။
တရားရှိရင် အမှားသိမယ်။ အမှားသိတာဟာ အမှန်တရားရဲ့ ရှေ့ပြေးပဲပေါ့။
ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Ref: Young Buddhist Association
No comments:
Post a Comment