Wednesday 1 March 2017

သင်..။

သင်အရာရာကို
ပေါ့ပျက်ပျက် သဘောထားခဲ့တဲ့အခါ
လေးနက်မှုတွေနဲ့  ဆုံတွေ့ခွင့်
ဆုံးရှူံးရလိမ့်မယ် ။

သင်အရာရာကို
ဆော့ကစားစရာအဖြစ် ယူဆထားခဲ့တဲ့အခါ
တည်ငြိမ်အေးချမ်းမှု  အစစ်အမှန်တွေနဲ့
ဝေးကွာရလိမ့်မယ် ။

သင်အရာရာကို
တန်ဖိုးမဲ့ ပြုမူခဲ့တဲ့အခါ
တန်ဖိုးအစစ်အမှန်တွေရဲ့ ဥပေက္ခာပြုခြင်း
ခံယူရလိမ့်မယ် ။

သင်အရာရာကို
ငါအမှန်လို့ တရားသေဆုပ်ကိုင်ထားခဲ့တဲ့အခါ
အမှားတွေနဲ့ မျက်နှာချင်းဆိုင်ရလိမ့်မယ် ။

သင်အရာရာကို
ကံကြမ္မာလို့ အပြစ်ပုံချ ခေါင်းရှောင်
ထားခဲ့တဲ့အခါ  ခေါင်းဆောင်အဖြစ်ကလွဲ
နောက်လိုက်ပဲ  ဖြစ်နေခဲ့လိမ့်မယ် ။

သင်အရာရာကို
တစ်ဖက်အမြင်တစ်ခုတည်းနဲ့  ကြည့်ခဲ့တဲ့အခါ
ကျန်တစ်ဖက်မှာ သင့်အတွက် မှောင်မိုက်နေခဲ့လိမ့်မယ် ။

သင်အရာရာကို
မဆင်မခြင် စဉ်းစားဆုံးဖြတ်ခဲ့တဲ့အခါ
နောင်တတွေ ရင်မှာပိုက်ခဲ့ရလိမ့်မယ် ။

Credit >>  Org

No comments:

Post a Comment