Sunday 5 March 2017

သင့်ကို အကျည်းတန်စေတဲ့ အပြုအမှုများ..။


အလှတရားနဲ့ အကျည်းတန်ခြင်းဆိုတာ သင့်အရေပြားတစ်ထောက်စာမှာပဲ ရှိနေတာမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်နှလုံးထဲမှာလည်း ရှိနေသလို၊ သင့်ရဲ့အပြုအမူတွေကြားမှာလည်း အလှတွေ၊ အကျည်းတန်မှုတွေ ဖြစ်နေပါတယ်။
.
ဒီတော့ သင့်ကို အရုပ်ဆိုးစေတဲ့ အပြုအမူတွေကို ရှောင်ရှားစေနိုင်ဖို့ အချက်အလက်တစ်ချို့ စုစည်းတင်ပြလိုက်ရပါတယ်။
.
(၁) အတင်းပြောခြင်း

အထူးသဖြင့် ဒီပြသနာဟာ မိန်းကလေးတွေကြားမှာ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးစစ်တမ်းတွေအရတော့ အတင်းပြောတာဟာ စိတ်ကျန်းမာရေးအတွက် တစ်စိတ်တစ်ဒေသ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အပြုအမူအရတော့ သင့်ကို အရုပ်ဆိုးစေပါတယ်။ အတင်းပြောတာဟာ သင့်ကို အကျင့်တစ်ခုသဖွယ် ဖြစ်သွားစေပါတယ်။ ကိုယ်ခင်မင်ရတဲ့သူနဲ့အတင်းပြောရင်းနဲ့ကမှ
အကျင့်ပါသွားပြီး တခြားသူတွေနဲ့တွေ့တဲ့အခါမှာပါ သူများအကြောင်းမကောင်းပြောတတ်တဲ့သူအဖြစ် အကျင့်စွဲသွားတတ်ပါတယ်။ ဒီတော့ သူများအကြောင်းမပြောရမနေနိုင်လည်း သူများကောင်းကြောင်းတွေကိုသာ ပြောတတ်တဲ့အကျင့်ကို မွေးမြူပါ။
.
(၂) လိမ်ညာခြင်း
လူအတော်များများဟာ မုသားနဲ့မကင်းပါဘူး။ အခြေအနေအကြောင်းအကြောင်းကြောင့် ရိုးသားလို့မရတဲ့အဖြစ်မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို လှည့်စား၊လိမ်ညာတတ်ကြပါတယ်။ ဒီလိုအပြုအမူတွေကတော့ သင့်ရဲ့ပုံရိပ်ကိုလည်း
ထိခိုက်စေပါတယ်။
.
(၃) လိုက်လံအကဲဖြတ်ခြင်း
အကဲဖြတ်တဲ့အကျင့်က ကောင်းပါတယ်။ ဒါပေမယ့် နေရာတကာဆိုရင်တော့ မကောင်းပါဘူး။ အကဲဖြတ်ရုံတင်မကဘူး ကိုယ်ထင်တာကိုလျှောက်ပြောနေမယ်ဆိုရင်တော့ သင့်အပြုအမူဟာ အကျည်းတန်တဲ့ထဲ ပါသွားပါပြီ။ (ဥပမာ - ဟိုလူကတော့ ဒီလို၊ ဒီလူကတော့ ဒီလို) စသဖြင့် ဝေဖန်ပြောဆိုနေခြင်းပဲ ဖြစ်ပါတယ်။
.
(၄) စောဒကတက်ခြင်း
ကိုယ့်ရဲ့ ကြိုးစားမှုရလာဒ်ကို လက်မခံနိုင်ဘဲ အမြဲတစေ စောဒကတွေတက်နေမယ်ဆိုရင်တော့ ကြာလာရင် သင့်အပြုအမူဟာ ဘေးလူတွေအတွက်
ကြည့်ရဆိုးပါတယ်။ နောက်ပြီး ပြုပြင်လို့မရတဲ့ ကံတရားကို အပြစ်ပြောတာတွေ၊ ဘေးလူကို အပြစ်တင်တာတွေကလည်း ရုပ်ဆိုးတဲ့ အပြုအမူတွေ
ဖြစ်ပါတယ်။
.
(၅) အနိုင်ကျင့်တတ်ခြင်း။
အနိုင်ကျင့်တဲ့သူအများစုဟာ သူ့တို့ကိုယ်သူတို့ ဆရာကြီးသဖွယ် မြင်တတ်ကြပါတယ်။ တကယ်တော့ ဒီအတွေးအမြင်ဟာ လုံးဝမှားယွင်းပြီး 
အကျည်းတန်တဲ့အပြုအမူကို ပြုလုပ်နေခြင်းသာ ဖြစ်ပါတယ်။
Ref:(Focus Youth E-magazine)
Ref: SH

No comments:

Post a Comment