Friday 3 March 2017

Vrius....!

. . . ဘ၀မှာ . . .

မဖြစ်ချင်တာတွေ


ရောက်မလာစေရဘူးလို့


ကိုယ့်ကိုကိုယ်

သေချာရင်းချစ်ခြင်းကိုစမ်းသပ်လို့

ကမ်းကပ်လာတဲ့ဗေဒါလေးကို

ဆယ်ယူဆော့ကစား ဟားတိုက်ရယ်မောခဲ့ပါရဲ့



ကိုယ်မသိပဲ

ငြိတွယ်မိပြီဆိုမှ

မာယာအသွယ်သွယ်ကြား

များပြားတဲ့အလှည့်အပြောင်းတွေနဲ့


အကျနာချိန်ဒဏ်ရာတွေက

သွေးကြောထဲအထိစီးဝင်

မမြင်နိုင်တဲ့ဆုံးရှုံးမှုတွေအထပ်ထပ်

သြော် . . . အချစ်ဆိုတဲ့

“ ဗိုင်းရပ်စ် ” ။ ။

No comments:

Post a Comment