Monday 1 August 2016

တစ်ယောက်တည်း နေတတ်အောင် သင်ယူခြင်း..။



လူတစ်ယောက်ကို သင့်ဘေးမှာ အမြဲတမ်းရှိနေအောင် ပြုလုပ်လို့ မရပါဘူး။ လူတိုင်းမှာ ကိုယ်စီ လုပ်စရာတွေ ရှိတာကြောင့် အနားမှာ ရှိအောင် ထိန်းချုပ်လို့ မရပါဘူး။ 

အသက်ရှင်နေတဲ့အချိန်မှာ ကိုယ့်အတွက် အကောင်းဆုံး လုပ်နိုင်တဲ့အရာကတော့ တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွင်နေတတ်အောင် သင်ယူဖို့ပါပဲ။

ပထမဆုံးအနေနဲ့ သင်ဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကို ခံယူထားဖို့ လိုပါတယ်။ သင့်ဘဝထဲကို ဝင်ရောက်လာတဲ့ လူတွေကို စံညွန်းတစ်ခုအနေနဲ့ သတ်မှတ်ထားတယ်ဆိုရင် ဒီစံညွှန်းနဲ့ မကိုက်ညီတဲ့သူကို မတွေ့မချင်း တစ်ယောက်တည်းနေတာ အကောင်းဆုံးပါပဲ။

အများရဲ့ အကြံဥာဏ်ကို လေးစားပါ။ ဒါပေမယ့် မိမိရဲ့ အတွင်းစိတ်က အချက်ပြနေတဲ့ အကြံဥာဏ်ကိုပဲ ယူပါ။ မိမိရဲ့ ကိုယ်ပိုင်အကြံဥာဏ်ကို ယူပြီး ပြဿနာတွေကို ဖြေရှင်းတာဟာ သင့်ရဲ့ ယုံကြည်မှုကို မြှင့်တက်စေပါတယ်။ 

ကမ္ဘာကြီးဟာ အရမ်းကို ရှုပ်ထွေးတဲ့ နေရာဖြစ်ပါတယ်။ ဒီလို ရှုပ်ထွေးတဲ့ နေရာကနေ ကိုယ့်ကိုယ်ကို အနားပေးဖို့ တခါတရံ လိုအပ်ပါတယ်။ အခန်းထဲမှာ ထိုင်ပြီး မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ရဲ့ အသံတွေကို နားထောင်ကြည့်နိုင်ပါတယ်။ 
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ သင့်ကို အာရုံပြုဖို့အတွက် တွန်းအားပေးနေပါလိမ့်မယ်။
သင့်ကိုယ်သင် စကားပြောတာဟာ ပုံမှန့်ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အတွင်းစိတ်မှာ သူ့ကို ပြန်ပြောနေတဲ့ စကားသံတွေ ရှိပါတယ်။ 

လူတွေနဲ့ စကားပြောနေတဲ့အချိန်မှာ ကိုယ့်ရဲ့ အတွင်းစိတ်က ပြောနေတဲ့ အသံတွေကို လျစ်လျူရှုလို့ ရပေမယ့် တစ်ယောက်တည်း ရှိနေတဲ့အခါ ဒီအသံကပဲ သင့်ကို အဖော်ပြုပေးနေတာ ဖြစ်ပါတယ်။ 

ချစ်သူ နဲ့ သူငယ်ချင်းတွေ အများကြီး ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် သင့်ရဲ့ ပျော်ရွှင်မှုကို ဘယ်သူ့အပေါ်မှာမှ အပ်နှံမထားသင့်ပါဘူး။ 
သင့်ကို ပျော်ရွှင်အောင် လုပ်ပေးတဲ့လူသာ သင့်အနားက ထွက်ခွာသွားခဲ့ရင် သင့်ရဲ့ ပျော်ရွှင်မှုဟာ ပျောက်ဆုံးသွားနိုင်ပါတယ်။ 
Ref: YangonLife

No comments:

Post a Comment