Sunday 14 August 2016

အတိတ်က ချစ်သူ..။

အတိတ်က ချစ်သူရေ . . 
ငါမင်းကို သိပ်ပြီး ချစ်မိနေပေမယ့် 
ချစ်ပါတယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။ 

အတိတ်က ချစ်သူရေ . . 
ငါမင်းကို အရမ်း ဖက်ထားချင်ပေမယ့်
ဖက်ပါမယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

အတိတ်က ချစ်သူရေ . . 
ငါမင်းကို အနမ်း မွှေးရှိုက်ချင်ပေမယ့် 
နမ်းပါမယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

ဒီလိုနဲ့ ကြာလာတော့ ငါတို့ နှစ်ယောက် ဝေးပြီးရင်း ဝေးသွားခဲ့တယ် . . . 

အတိတ်က ချစ်သူရေ . . .
အချိန်တွေသာ ကုန်သွားပေမယ့် . . 
အရာအားလုံးဟာ မပြောင်းလဲခဲ့ဘူး။
နေရာတွေသာ ဝေးကွာသွားပေမယ့် . . 
လွမ်းတဲ့စိတ်က မပြေလျော့သေးဘူး။ 
အသက်တွေသာ အိုမင်းလာပေမယ့် . . 
ချစ်တဲ့စိတ်က မကုန်ဆုံးနိုင်ဘူး။ 

အတိတ်က ချစ်သူရေ . . . . 
တစ်ခါတစ်လေ သတိရတယ်
မကြာခဏ တမ်းတမိတယ်
အမြဲလိုလို ကြေကွဲတတ်တယ်
သတိရခြင်း၊ တမ်းတခြင်း၊ ကြေကွဲခြင်း တွေကြားမှာ . . . 
ကူးခတ်၊ ရှင်သန်၊ ရင်ဆိုင်း ရင်း . . . 
ငါဟာ . . အချစ်ဆိုတာကို နားလည်လာခဲ့ပြီ။ 

No comments:

Post a Comment