Wednesday 3 August 2016

သင့်ရဲ့အဆိုးတွေကို လက်ခံနိုင်သူဟာ အကောင်းတွေ အတွက်လည်း ထိုက်တန်ပါတယ်...


လူတိုင်းဟာ အမြဲတမ်းအောင်မြင်မနေပါဘူး။ လူတိုင်းဟာ အမြဲတမ်း လူကောင်းတစ်ယောက် မဖြစ်နိုင်ပါဘူး။ 
လူတိုင်းရဲ့ဘဝဟာလည်း အမြဲတမ်းတော့ ပျော်စရာကောင်းမနေပါဘူး။
.
အောင်မြင်မှုကို သွားတဲ့နေရာမှာ ခက်ခဲကြမ်းတမ်းတဲ့ အတားအဆီး အနှောင့်အယှက်တွေကို ရင်ဆိုင်ကျော်ဖြတ်ရတယ်။ 

လူတစ်ယောက်မှာလည်း ကောင်းတဲ့အကျင့်စရိုက်တွေရှိသလို၊ မကောင်းတဲ့ အကျင့်စရိုက်တွေလည်း ရှိတယ်။
 နောက်ပြီးတော့ ဘယ်လောက် ပျော်စရာကောင်းတဲ့ ဘဝမျိုးပဲဖြစ်နေပါစေ.. မျက်ရည်ကျရတဲ့ အခိုက်အတန့်ဆိုတာမျိုးတွေ ရှိတယ်။ ဒါ .. သဘာဝပါ။
.
ကိုယ့်ရဲ့ အခက်အခဲတွေကို အတူတူလက်တွဲရင်ဆိုင်ခဲ့တဲ့သူ။ 
ကိုယ့်ရဲ့ ဆိုးတဲ့အကျင့်နဲ့စရိုက်မှန်သမျှကို သည်းခံနားလည်ပေးတဲ့သူ။ ကိုယ့်ရဲ့ အိမ်မက်ဆိုးတွေတိုင်းကိုလည်း အတူမျှဝေပေးတဲ့သူ။
 ပြောရရင် ကိုယ့်ရဲ့ မကောင်းတဲ့အရာမှန်သမျှကို လက်ခံပေးတဲ့သူပေါ့။ ကိုယ့်ရဲ့ လက်တွဲဖော်ရဲဘော်ရဲဘက်ကောင်းတစ်ယောက်ပေါ့။

.
ဒီလိုလူတစ်ယောက်ဟာ ကိုယ့်ရဲ့ကောင်းတဲ့အရာတွေကို ခံစားဖို့လည်း ထိုက်တန်ပါတယ်။ ကိုယ့်ရဲ့အခက်အခဲတွေကို လက်တွဲရင်ဆိုင်ခဲ့သလို 
ကိုယ့်ရဲ့လက်ခုပ်သံတွေကိုလည်း မျှဝေဖို့.. ကိုယ့်ရဲ့ မျက်မှောင်ကြုတ်ထားတဲ့ပုံကို တွေ့ရသလို ကိုယ့်ရဲ့အပြုံးတွေတိုင်းကိုလည်း မြင်ခွင့်ရဖို့.. ကိုယ့်ရဲ့ မျက်ရည်စက်တွေကို သုတ်သင်ခဲ့သလို ကိုယ့်ရဲ့ ကြည်နှုးမှုတွေကိုလည်း သူနဲ့အတူ ခံစားဖို့.. ထိုက်တန်ပါတယ်။
.
အောင်မြင်လာတဲ့အခါ ကိုယ့်ရဲ့ခက်ခဲတဲ့အချိန်က ရဲဘော်တစ်ယောက်ကို မမေ့ပါနဲ့။ သူဟာ သင့်ဘဝရဲ့ အကောင်းဆုံးသူတွေထဲက တစ်ယောက်ဖြစ်မှာ သေချာပါတယ်...
  Ref: (Focus Youth)


No comments:

Post a Comment