Friday 12 August 2016

သိန်းငှက် ပုံပြင်..။


တစ်ခါက လယ်သမားတစ်ယောက်ဟာ တောလည်ထွက်ရင်း သိန်းငှက်အသိုက်တစ်ခုကိုတွေ့ရာ ပူနွေးနေဆဲ ဥတစ်လုံးကို သူ့လယ်တဲဆီသို့ ယူခဲ့ပါတယ်။

ယူခဲ့တဲ့ သိန်းငှက်ဥကလေးကို သူ့ခြံက ကြက်ဥတွေနဲ့အတူရောထားလိုက်ပြီး ကြက်မကြီးကို ဝပ်စေခဲ့တယ်။

တနေ့မှာတော့ သိန်းငှက်ပေါက်ကလေးဟာ ဥအခွံကို အက်ခွဲထွက်လာကာ တခြားကြက်ကလေးတွေနဲ့အတူ ကြီးပြင်းလာခဲ့တယ်။

သိန်းငှက်ကလေးဟာ လယ်ယာထဲမှာ ကြက်တွေလိုပဲ ပြောင်းစေ့ဆန်စေ့တွေကို နှုတ်သီးနဲ့ကောက်စားရင်း တဖြည်းဖြည်းအသက်အရွယ်ရလာတယ်။

တနေ့မှာတော့ အိုမင်းလာပြီဖြစ်တဲ့ သိန်းငှက်ကြီးဟာ မိုးပေါ်ကိုအမှတ်မထင်မော့ကြည့်မိလိုက်တဲ့အခါ သူတစ်ခါမှမမြင်ဘူးခဲ့သော ကျယ်ပြောလှပတဲ့ကောင်းကင်ကြီးကို တွေ့လိုက်ရတယ်။

သိန်းငှက်အိုကြီးဟာ ကောင်းကင်ထက်မှာပျံဝဲနေတဲ့ သိန်းငှက်တစ်ကောင်ကိုမြင်လိုက်ရတဲ့အခါ ငြီးငြူလိုက်တယ်။

"ငါသာ သိန်းငှက်တစ်ကောင်ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲ"
(ဘာသာပြန်ဆိုဖော်ပြပါသည်)
သင်ခန်းစာ
လက်တွေ့ဘဝမှာ သိန်းငှက်အိုကြီးလို အစွမ်းအစရှိပါလျက်နဲ့ ကိုယ့်မှာအစွမ်းအစမရှိသလိုနေရင်း အချိန်တွေကုန်ဆုံးသွားတဲ့ အဖြစ်အပျက်တွေလဲ ရှိပါတယ်။

ကိုယ့်မှာရှိတဲ့အစွမ်းအစတွေပျောက်ဆုံးသွားလောက်အောင်ထိတော့ နေသာသလိုမနေသင့်ပါဘူး။

သင့်ရဲ့ထက်မြက်တဲ့အစွမ်းအစတွေကို ဖော်ထုတ်နိုင်ဖို့ ပတ်ဝန်းကျင်ရဲ့ ငြိမ်သက်မှုကိုကျော်လွှားသင့်ရင်ကျော်လွှားရပါလိမ့်မယ်။
Ref: မှတ်စုကြမ်း

No comments:

Post a Comment