Wednesday 30 November 2016

ဂျပန်တို့ရဲ့ လူသား တန်ဖိုး..။


▄▄▄▄▄▄▄▄▄▄▄▄▄
ဟော်ကိုင်းဒိုးကျွန်းရဲ့ မြောက်ဘက် အစွန်က ကာမီ ရှီရတကိ ဆိုတဲ့ ဘူတာရုံလေးမှာ ရထားစီး ခရီးသည်တယောက်ထဲ ရှိနေတာ နှစ်အတော်ကြာနေပါပြီ ။

ထို တဦးထဲသော ခရီးသည်ဟာ အထက်တန်းကျောင်းသူလေး ဖြစ်ပြီး သူမ ကျောင်းကို သွားဖို့အတွက် ရထားကို အသုံးပြုသွားရပါတယ် ။
ရထားဟာ တစ်ရက်မှာ နှစ်ကြိမ်ပဲ ထိုဘူတာလေးမှာ ရပ်တန့်ပါတယ် ။ 
တစ်ကြိမ်က ကျောင်းသူလေး ကျောင်းသွားချိန်ဖြစ်ပြီး ၊ နောက်တကြိမ်ကတော့ ကျောင်းသူလေး ကျောင်းက ပြန်ချိန်ပဲ ဖြစ်ပါတယ် ။
ဒီအဖြစ်အပျက်ဟာ ရုပ်ရှင်ဆန်လွန်းလှပါတယ် ။ 
ရထားပို့ဆောင်ရေး တာဝန်ယူထားတဲ့ အဖွဲ့အစည်းဟာ ဒီလို လုပ်နေခဲ့တာ ၃ နှစ်ကျော်အောင် ကြာမြင့်လာတဲ့အခါ ဘူတာရုံကို ပိတ်ပြစ်တာက ပိုကောင်းမယ်လို့ ယူဆလာပါတယ် ။ 
ဘာကြောင့်လည်းဆိုတော့ ဒီဘူတာရုံလေးဟာ ဝေးလံ လွန်းတာရယ် ၊ ဒေသခံတွေ အနေနဲ့ ရထားကို ကုန်စည်သယ်ယူဖို့အတွက် အသုံးမပြုတော့တာရယ်ကြောင့်ပါ ။

ဒါပေမဲ့ ကျောင်းသူလေးတယောက်ကတော့ ရထားကို ခရီးသွားဖို့ အတွက် အသုံးပြုနေသေးတယ်ဆိုတာက သတိပြုမိတဲ့ ရထားတာဝန်ရှိသူတွေဟာ ဘူတာရုံကို ပိတ်ပစ်ဖို့အတွက် ကျောင်းသူလေး ကျောင်းပြီးသည်အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။
ဒါ့အပြင်  ကျောင်းသူလေး ကျောင်းသွား ၊ ကျောင်းပြန်ချိန် အချိန်ကိုက် ထိုဘူတာမှာ ရထား ဆိုက်ရောက်နိုင်ဖို့ ရထား ပြေးဆွဲချိန်ကိုလည်း ပြင်ဆင် သတ်မှတ်ခဲ့ကြပါတယ် ။
ထိုအမည်မသိကျောင်းသူလေးဟာ 2016 ခုနှစ် မတ်လမှာ အထက်တန်းကျောင်းပြီးမှာ ဖြစ်ပြီး ထိုအချိန်ဟာလည်း ဘူတာရုံလေးကို ပိတ်ပြစ်တော့မယ့် အချိန်လည်းဖြစ်ပါတယ် ။

ဒါဟာ အစိုးရတရပ်ရဲ့ လူသားတွေ အပေါ်ထားတဲ့ တန်ဘိုးပါ ။ ကလေးငယ်ဆိုပြီးတော့ နိုင်ငံသားအခွင့်အရေးအတွက် အလေးမထားတာမျိုးကို မလုပ်ခဲ့ပါဘူး ။
ဒီအဖြစ်အပျက်လေးဟာ ဂျပန်နိုင်ငံ ကျေးလက်နေသူတွေရဲ့ ခရီးသွားလာရေး ခက်ခဲမှုဟာ ဝမ်းနည်းဖွယ်ကောင်းလှပေမဲ့ တိုင်းပြည်ရဲ့ လူသားတွေ အပေါ်ထားတဲ့ တန်ဘိုးဟာ အဖိုးမဖြတ်နိုင်ကြောင်း ပြသနေတဲ့ အဖြစ်အပျက်တွေထဲက တခုပါပဲ ။

သင်္ခန်းစာယူပြီး လူသားချင်း တန်ဘိုးထားနိုင်ကြပါစေ ..........

No comments:

Post a Comment