Monday 14 November 2016

Life tips....



အရှုံးကို ရရှိတဲ့အခါ ဘာပဲဖြစ်ဖြစ်ကျေနပ်လက်ခံပါ
ဒါပေမဲ့ နောက်တကြိမ်ထပ်ကြိုးစားကြည့်ဖို့မပျက်ကွက်ပါနဲ့
ဘယ်ကိစ္စမှာမဆို
ကိုယ့်ဘက်က အရှုံးမပေးသ၍ အပြီးမရှုံးသေးပါ

စိတ်နာစရာတွေ ကြုံလာရတဲ့အခါ 
ခွင့်မလွှတ်နိုင်ရင် မေ့ပစ်ပါ
သူ့ဘက်က ခွင့်လွှတ်ဖို့ မထိုက်တန်ရင်တောင်
ကိုယ်ကတော့  ငြိမ်းအေးမှုနဲ့ ထိုက်တန်တယ်

စိတ်ရဲ့ စွဲလန်းမှုဒုက္ခကို ကြုံလာရတဲ့အခါ
ကိုယ့် ကံကြမ္မာကို ကျေနပ် လက်ခံပါ
ထိုက်ဖို့ ကံမပါခဲ့လျှင် 
ဘယ်လိုမှ သင့်အတွက်မဖြစ်နိုင်တာကို
နားလည်လက်ခံပါစေ

စိတ်သဘောထားမညီမျှမှု မှန်သမျှကို
နားလည်မှု ရှိပါ
သူ့ဘက် ကိုယ့်ဘက် မျှတစွာတွေးတတ်ခြင်းနှင့်အတူ
ကိုယ်ချင်းစာတရား ရှိပါစေ

အထီးကျန်လွန်းတဲ့အခါ
အရာရာ ကို အကောင်းဘက်ကတွေးနိုင်အောင်ကြိုးစားပါ
အပြုသဘောဆောင်တဲ့ သင့်အတွက်
လူတွေရဲ့လေးစားချစ်ခင်မှု ကို
လက်ဆောင်အဖြစ်ရရှိနိုင်ပါလိမ့်မယ်

ယုံမှားသံသယကို ကြုံနေရတဲ့အခါ
ပွင့်လင်းရိုးရှင်းစွာနေထိုင်ပါ
အမှန်တရား ဟာ ပျက်ပျယ်စရာအကြောင်းမရှိသလို
အတုအမှားဟာ ရေရှည်တည်တံ့နေမှာမဟုတ်လို့ပါ
အရာရာကို ဖေးမနားလည်စွာနှင့်
ယုံကြည်မှု ကို တည်ဆောက်နိုင်ပါစေ

                  PaYinn ( ရတနာ )

No comments:

Post a Comment