Thursday 10 November 2016

အတ္တ..။





သူကမချော့ပဲနဲ့ ကိုယ်က စမခေါ်ချင်ဘူး"ဆိုပြီး....

သူနဲ့ ကိုယ့်ရဲ့ ကြားမှာအတ္တမာနတွေ...

တဖြေးဖြေး ကြီးထွားလာခဲ့ကြတယ်.....။



"သူလည်း ကိုယ်မရှိပဲ နေနိုင်သေးတာပဲ....

ငါက ဘာလို့ မနေနိုင်ရမှာလဲ " ဆိုပြီး.....

သူနဲ့ ကိုယ့်ရဲ့ ကြားမှာ သဘောထားတွေ....

တဖြေးဖြေး ကွဲလွဲလာခဲ့ကြတယ်........။


"သူ ကိုယ့်ကို အေးစက်ပြနေတာလား....

ငါက ဘာလို့ ခံစားပြနေရမှာလဲ " ဆိုပြီး....

သူနဲ့ ကိုယ့်ရဲ့ကြားမှာ နားလည်မူတွေ....

တဖြေးဖြေး မှားယွင်းလာခဲ့ကြတယ်.....။


အတ္တမာနတွေ..

သဘောထားတွေ. နားလည်မူကွဲလွဲတာတွေဆိုတာ 

ချစ်သူတွေကြားမှာ မရှိသင့်တဲ့အရာပါပဲ...။

ဘာမဟုတ်တဲ့ အကြောင်းအရာတချို့ကြောင့်လည်း...

ချစ်သူတွေကို ဟိုးအဝေးဆုံးကို ခွဲခြားသွားစေနိုင်တယ်...။

No comments:

Post a Comment