Sunday 20 November 2016

အသက်ကြီးလာတဲ့ အခါ..။


°°°°°°°°°°°°°°°°°°°
မနေ့ တစ်နေ့ ကအဖြစ်ပျက်တွေက
တစ်ခါတစ်ရံမှာ ပောာင်းနွမ်းမသွားနိုင်ဘူးလို့ 
တွေးမိချင်တွေးမိနေလိမ့်မယ် 

တားဆီးဆုတ်ကိုင်ထားလို့ မရနိုင်တဲ့
အချိန်ကာလကို အလေးနက်ထားပြီး
သတိမူဂရုပြုထားဖို့ လိုလိမ့်မယ်
အရာအားလုံးကတည်မြဲခြင်းမရှိနိုင်ဘူး
စက္ကန့် တံလေးတွေပြောင်းလဲနေသ၍
ဖြစ်စဉ်တွေက တစ်ခုပြီးတစ်ခု ရွေ့လျားနေမှာပဲ
ဒါကြောင့် သေချာတာတစ်ခုကို ခေါင်းထဲမှာ စွဲမြဲထားပါ

"ငါအသက်ကြီးလာတဲ့အခါ 
  နောင်ရေးတွေအတွက် 
  ဘယ်လိုကျော်ဖြတ်နိုင်မလဲ" 

ဆိုတဲ့ အသိ တစ်လုံးက မိမိဘဝတစ်ခုကို
ကောင်းမွန်စွာကယ်တင်နိုင်ပါလိမ့်မယ်
ဘာ့ကြောင့်လဲဆိုရင် အသက်သွေးခဲဆိုတာ
အမြဲတမ်းရှိမနေနိုင်ဘူး မိမိဘဝရဲ့ 
နေဝင်ချိန်ပာာ ဘယ်အချိန်ကာလ ဖြစ်နေမလဲဆိုတာ
မည်သူတစ်ဦးတစ်ယောက်မှ မှန်းဆနိုင်ခြင်းမရှိပါဘူး

ဒါ့ကြောင့် ကိုယ်သမိုင်းကိုယ်ရေးနိုင်အောင်ကြိုးစားပါ
ကိုယ့်ကိုယ်ကို အားကိုးပါ ငါသာလျှင်အမြတ်ဆုံး
သူတစ်ပါးအပြောမခံပါနဲ့ ပြောချင်ပြော
ကိုယ်ကပဲ ပြောဆိုနိုင်အောင် ကြိုးစားပါ
မာနတံခွန် အလံထူနိုင်အောင်ကြိုးစားနေပါ
အစွမ်းအစ ရှိနေအောင် အားထုတ်ပါ

ဘာ့ကြောင့်လဲဆိုတော့ 
ဒီကမ္ဘာမြေပေါ်ရှိသူတွေက 
အစွမ်းအစမရှိရင် ဥပေက္ခာပြုတတ်ကြသလို
ဘယ်နေရာမှာမှလည်း အတန်မဝင် အကျုံးမဝင်ဘူးလို့ 
ပုံသေကားချပ်တစ်ခုလို သတ်မှတ်ထားတတ်ကြတယ်
တစ်ခြားအဝေးကြီးကိုကြည့်မနေပါနဲ့
ကိုယ့်သွေးသားအရင်းတွေထဲမှာတောင်
ငွေမရှာ နိုင် အစွမ်းအစ မရှိတဲ့သူကို 
အလေးပေးတတ်ရဲ့ လား ထိုသူရဲ့ စကားကိုရော
မှန်ကန်ပါတယ် လို့ တစ်ထစ်ကျ တွေးဖူးသလား
ထိုသူပါးစပ်က ဘယ်လိုပင် အကောင်းပြောနေပါစေ
တစ်ပါးသူရဲ့ အမြင်မှာတော့ လျှာ အရိုးမရှိတိုင်းသာ
ပြောချင်ရာကို ရမ်းသမ်းပြောနေတယ် လို့ မထင်ဘူးလား

ဒါကြောင့် လူရယ်လို့  နာမ် စား တစ်ခုဖြစ်လာပြီးဆိုရင်
အားကိုးထိုက်သူ | လေးစားထိုက်သူ | ရိုသေထိုက်သူ
ယုံကြည်ထိုက်သူ | ကြည်ညိုထိုက်သူဖြစ်နေအောင်
ကြိုးစားထားပါ ဒါတွေက ငယ်ရွယ်တဲ့ အချိန်ကောင်းမှာ
မလေးနက်နိုင်တဲ့ စကားလုံး ပောာင်းတွေဖြစ်ချင်ဖြစ်နေမယ်
ဒါပေမယ့် အသက်ရွယ်ရလာပြီးဆိုရင် ဒီသဘောကို
နားလည်ရလွယ်သွားပါလိမ့်မယ် 

တစ်ချို့ကပြောကြတယ် 
ငါ့ သား ငါ့မြေး ငါ့သမီးဆိုပြီး မာန လွှင့်ထူတတ်ကြတယ်
ဒါမှ သာ တကယ့် စကားလုံးပောာင်းတွေပါ
တစ်ခြားမဆိုထားနဲ့ ကိုယ့် ဒူးတောင် 
ကိုယ်ယုံကြည်ရတာမပာုတ်ဘူး အချိန်မရွေးခွေလှဲနိုင်တယ်
ကြားဖူးပါလိမ့်မယ် မြန်မာ့စကားပုံတစ်ခု

"တောင်ဝှေ့လဲရင်သာ ဘိုးသူတော်ထူနိုင်တာ
  ဘိုးသူတော် လဲကျရင် တော့ 
  ဘယ်တောင်ဝှေ့ကမှ လာထူနိုင်မှာမပာုတ်ဘူး"

ဒါ့ကြောင့် အရွယ်တစ်ခုရလာတာနဲ့အမျှ
ပေါ့ပျက်ပျက်နေတာတွေ လျှော့ ထားပါ
အနာဂတ်မဲ့နေတာတွေ မဖြစ်စေပါနဲ့
မနက်ဖြန်မှ လုပ်မယ်ဆိုတဲ့ စကားတွေလျှော့ပါ
အခက်ခဲပြဿနာတွေကို ဖြေရှင်းတတ်အောင်ကြိုးစားပါ

ကျနော်တို့ မြန်မာပြည်မှာရှိတဲ့
လူဦးရေ၏ ၇၀ % က မတ်တတ်စာပဲ ရှာနေကြတယ်
တုံးလုံး စာ မရှိတတ်ကြဘူး  ဆိုလိုတာက
မတ်တတ်စာဆိုတာ လမ်းလျှောက်ရင်းစားဖို့ မပာုတ်သလို
တုံးလုံးစာဆိုတာလည်း အိပ်ရင်းစားဖို့ မပာုတ်ဘူး
မတ်တတ်စာဆိုတာ ယာယီ ပြဿနာကို ဖြေရှင်းတဲ့
ကြိုးစားမှု တစ်ရပ်ဖြစ်သလို တုံးလုံးစာပာာလည်း
ကိုယ်အလုပ်မလုပ်နိုင်တော့တဲ့ အချိန်မှာ 
စားနိုင်သောက်နိုင်ဖို့ အတွက် ကြိုးစားမှုတစ်ရပ်ဖြစ်ပါတယ်

ဘာလို့ အဲ့သလောက်
ရာခိုင်းနှုန်းများနေသလဲဆိုရင်
ပြောလို့ နာ မယ်ဆိုရင်လည်း နာနိုင်ပါတယ်
ရှေးစကားပုံတစ်ခုကြားဖူးပါလိမ့်မယ်
" လက်ဦးဆရာ မိနှင့်ဖ" ဆိုတာပာာ 
အဓိပ္ပာယ်သိပ်ကိုလေးနက်မှုရှိပါတယ်
အတွေးခေါ်ကောင်းတွေ နည်းနေတာပာာ
'မိ' မဆုံးမ 'ဖ'မဆုံးတွေများနေလို့ ပါ
မြင်အောင်ထက်ပြောရမယ်ဆိုရင် 
သစ်ပင်တွေကို ပုံဖေါ်ချင်တယ်ဆိုရင် 
အပင်နုနယ်တဲ့ အချိန်မှာ ပြုပြင်တာပာာ
အချိန်ကောင်းတစ်ခုလို့ ပြောလို့ ရပါတယ်
အပင်ရင့်ရော် နေမှ ဇီးကွက်ရုပ်တွေ |
သမင်ရုပ်ကလေးတွေပြောင်းချင်နေလို့ မရနိုင်ဘူး
ကြီးမှ လက်ပေးသင်ချင်လို့ မရနိုင်တဲ့အဖြစ်လို့ ပေါ့

အမျိုးကောင်းသားသမီးတွေဖြစ်ထွန်းစေအောင်
ကြံဆောင်ဖန်တီးကြပါ | ပြုပြင်ထိန်းသိမ်းကြပါ
ဒါမှ အသက်ကြီးလာတဲ့ အခါ အတွေးခေါ်
ကောင်းတွေရရှိပြီး အနာဂတ်ကောင်းတွေကို
ရယူပိုင်ဆိုင်နိုင်ပါလိမ့်မယ် အဲ့ဒီလိုမှမပာုတ်ပဲ
အလိုလိုက်| အချစ်လွန်နေမယ်ဆိုရင်တော့
ချစ်နေတာနဲ့ မတူတော့ဘူး ကိုယ့်ကိုယ်ကို နစ်
နေတာနဲ့သာ တူနေပါလိမ့်မယ် ဒါဆိုသူတို့ တွေရဲ့
ဘဝနောင်ရေးလည်းကောင်းနေမှာမပာုတ်သလို
ကိုယ့်ဆီကို ဒဏ်ပြန် သက်ရောက်လာမည့်
အကြောင်းတရားတွေလည်းကောင်းနေမှာမပာုတ်ပါဘူး

ဒါဆိုသေချာစဉ်းစားကြည့်ပါ အသက်ကြီးလာတဲ့အခါ 
အနာဂတ်တွေကောင်းမနေခြင်းပာာ
လက်ဆင့်ကမ်း သွမ်သင်ဆိုဆုံးမမှုတွေ
လွန်စွာ အားနည်းနေကြလို့ ပါပဲ
ဒီအကြောင်းတွေကြောင့်သာ အတွေးခေါ်ညံ့ဖျင်းခြင်း
ပေါင်းသင်းဆက်ဆံမှုညံ့ဖျင်းခြင်း| လူရာဝင်မဆံ့နိုင်ခြင်း
ကိုယ့်ကိုယ်ကို အားကိုးလိုစိတ် ယုံကြည်ချက်အားနည်းခြင်း
အနာဂတ်ကောင်းတွေကို အသက်မမွေးနိုင်ခြင်း
စတဲ့အကြောင်းအရာများကြောင့်သာ ဖြစ်ပါတယ်

ဒါ့ကြောင့် ငါအသက်ကြီးလာတဲ့အခါ ~~~
ငါ့သမိုင်းငါရေးနိုင်အောင် ကြိုးစားပါ
အကျိုးအကြောင်းတိုက်ဆိုင်လို့ အိုဇာတာ
ကောင်းမွန်လာတယ်ဆိုတာကို ဘေးဖယ်ထားပါ
လက်ရှိအခြေနေတစ်ခုကိုပဲ ရှေးရှုးသိမြင်ထားပါ
ကံတရားကိုယုံကြည် ထီတွေ ချဲ့တွေထိုးနေတယ်ဆိုရင်
ဒါပာာ မှားယွင်းသော မိုက်မဲမှုသာ ဖြစ်စေပါလိမ့်မယ်
ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတွေဆိုတာ
ဖြစ်ချိန်တန်ရင် ဖြစ်လာပါလိမ့်မယ် 
သူ့ ကို သွားစောင့်နေမယ်ဆိုရင် 
သင်ပာာ အနာဂတ်ကောင်းတွေကို သစ္စာဖောက်နေခြင်းရဲ့
လုပ်ရပ်ဆိုး တစ်ခုသာ ဖြစ်နေပါလိမ့်မယ်

မေတ္တာဖြင့်
ကိုရဲ(Barlarlar)
www.facebook.com/barlarlarmyanmar
#copy #cd

No comments:

Post a Comment