Thursday 17 November 2016

လောကဒဏ် ဆိုတာ..။

"လောကဒဏ် ဆိုတာ 
ကုန်းခံဖို့ မဟုတ်ဘူးရုန်းကန်ဖို့တဲ့"
ဘယ်စာဆိုစကား ကောင်းလွန်းလို့ 
ထပ်ခါထပ်ခါ ရွတ်ပြီးအားတင်တာ နှစ်ပေါင်းမနည်းတော့ဘူး……(တစ်ကယ်မလုပ်လို့နေမှာပေါ့နော့  :-p 

ငါ့တစ်ယောက်ထဲ လျောက်တဲ့လမ်း 
ကျဉ်းနေတယ်လို့ ငါခံစားတတ်နေပြီပဲ
 ……                        {ငါ့များ မအဘူး ထင်နေလား :-D }

မအောင်မြင်ခြင်း ကျဆုံးခြင်း 
အစွှန့်ပစ်ခံရမှ ငါ့ရှိုက်သံက 
ဟွန်းကပ်နေတဲ့ ယဉ်ဆိုတာ သိတော့တယ် ………

"ချစ်သူ မင်းငါ့ကို ယုံလား "
"ဟုတ် ယုန်သူငယ်မို့ တွေးပူမိတာ
ဘေးလူတင့်အောင် ခဏလေးစောင့်ပါ" တဲ့
"တခဏ သာယာတာ ထာဝရအပူမရှာပါနဲ့လား ရှင်ရယ်"
တခြားသောသူအားလုံး မျက်လုံးတွေ သာ 
ကွယ်နေမယ်ဆို  ငါ့အတွက် ကြွယ်ဝချမ်းသာခြင်းခေါင်းစဉ်  မာတိကာ ထဲက ဖြုတ်လို့ရမှာ အသေအချာပေါ့ ……

လောကဇတ်ခုံ ကကွက်စုံစုံ အဟောင်းတွေက 
အိပ်ယာထဲထိ ပါပါလာတာ အောင့်သက်သက်လက်ခံ မိမှ
ဆွလိုက် တူးလိုက်ပုံများ ကန်ထရိုက်အော်ဒါ မြေကွက်ရိုက်သလိုပါလား  ……

"စိတ်ပျက်စရာ ပါလား လောကကြီးရာ" လို့ 
ညည်းမိလိုက်မှပဲ 
ပျက်တဲ့ စိတ် ပြင်ရတာ  
ပလယာမနိုင် ဂွပါမှိုင်တယ်တဲ့ဗျာ… … …

မရေရာတဲ့လောကကြီးမှာ  
ငါ့အတွက် သေချာစေတာ
သေမယ်ဆိုတာပါ…… :-p

ထပ်ရွတ်လိုက်အူးမယ် 
"လောကဒဏ် ဆိုတာ ကုန်းခံဖို့ မဟုတ်ဘူး
ရုန်းကန်ဖို့ တဲ့ "

ငါက စာရွက်အလွတ် အဖြစ်တော့ ရှိနေလိုက်ပါ့မယ် 
ဘာရေးရေး ပေါ့ ။

ပေါ်တော်မူလေး ငရှုပ်

No comments:

Post a Comment