Sunday 20 November 2016

ကျေးဇူးတင်တယ်..။


★ ★ ★ ★ ★ ★ 

အစပိုင်းတုန်းကတော့ ငါ့မှာအရူးအမှုးပဲ
မင်းနဲ့လမ်းခွဲခြင်းက ငါ့ကို ကမ္ဘာ ပျက်မတတ်
ခံစားရခဲ့တယ်။ 
ငါချစ်တဲ့ လူတစ်ယောက်ကိုဆုံရှုံး လိုက်ရပြီလို့
ငါ့တွေးလိုက်ရင် တွေဝေငေးမိုင်ဆဲ•••
ငါ့မနက်ခင်းတွေ••
ငါ့ညနေခင်းတွေ
အရာရာက တိတ်ဆိတ်သွားသလိုပဲ။
လာနေကျ Message လေး Ringtone လေး
အသံတိတ်သွားတယ်။ 

မကြာခဏ ဆိုသလို phone ရဲ့ power ခလုပ်
ကြီးကိုလည်း ကျွံကျမတတ် နိပ်လေ့ရှိတယ်။
ငါ့ဖုန်းထဲ ငါချစ်တဲ့ လူတစ်ယောက်များ
အရင်လို message လေးပို့ထားမလားဆိုတဲ့
စိတ်တွေက လူကိုပှုလောင်စေခဲ့တာကြာပေါ့••••

ငါတို့နှစ်ယောက်လမ်းခွဲခြင်းက ငါပဲညံလို့လား
မင်းပဲတော်တာလား ? ဆိုတဲ့ " ? " တွေနဲ့
နေ့ရက်တွေ အတော်များများကိုကုန်လွန်စေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ သတိရလွမ်း ဆွတ်နေတဲ့
အတွေးနဲ့ အမှားတွေကို ပြန်စဉ်းစားတတ်နေပြန်ကော။

ငါ့ဒဏ်ရာတွေ ကုစားဖို့ ဆုံးဖြတ်ချက်တွေချတယ်
ကမ္ဘာ ကြီးကလုံးနေတယ်ဆိုတာ ငါတို့တွေ
ကျောင်းသင်ခန်းစာမှာ သင်ခဲ့ကြတာပဲ ဒီစက်ဝိုင်းကြီးရဲ့
မျက်နှာပြင် ပေါ်မှာ
နောင်တစ်ချိန်  တစ်နေရာမဟုတ်တစ်နေရာတော့
မင်းနဲ့ ပြန်ဆုံနေမယ်ဆိုတာ ငါယုံကြည်ခဲ့တယ်။
အဲ့ဒီအချိန်ကျရင် မင်းစိတ်ထဲရှိန်သွားအောင် 
တုန်လှုပ်သွားအောင်တော့ သင်ခန်းစာပေးဖို့လိုတာပေါ့
အဲ့တာ အငြိုးအတေးမဟုတ်ဘူး•••
လက်စားခြေချင်တာမဟုတ်ဘူး•••
မင်းထားသွားတဲ့ အရင်က ငါမဟုတ်တော့ဘူး
ဆိုတာကိုပြချင်ခဲတာ•••••

အဲ့တော့••••
ငါအရင်ထက် ငါ့ကိုငါဂရုစိုက်ရတယ်
ငါ့အသားအရေ
ငါ့အစားအသောက် 
ငါ့ရဲ့အပြောအဆိုအနေအထိုင်ကအစ
ပြောင်းလဲခဲ့ရတယ်••••

ဒီကြားထဲ တွေးခေါ်မှု တွေလည်း တိုးတက်လာတာပေါ့
မင်းသင်ပေးခဲ့တဲ့ သင်ခန်းစာတွေထဲမှာ
နောက်ထပ် အသည်းမကွဲ အောင် စက်ဆုပ်ရွံရှာခြင်းတွေလည်း ပါနေတော့ နောက်ထပ်ချစ်ဖို့ကို  ဝန်လေးသွားခဲ့တယ်
တစ်ခြားလူတွေ ဘာတွေပြောပြော ငါရင်ခုန်လည်း
ခဏပါပဲ ။ မင်းနဲ့ လမ်းခွဲခြင်းတွေ ငါတွေးမိတိုင်း
နောက်ထပ် ချစ်ရမှာကို သွေးလန့်ခြောက်ခြားနေခဲ့တယ်။

နောက်တစ်ခုက မင်းနဲ့ငါ့အတိတ်ကို စဉ်းစားလိုက်တိုင်း ဝမ်းနည်းခဲ့ရတဲ့ရက်တွေ
ကတော်တော်များများဖြစ်ဖူးတယ်ဟာ
မျက်ရည်မကျရင် တောင် သက်ပြင်းလေးတော့ချ
မိသား•••• 
ဒီအတိုင်းငါဆက်သွားရမှာ ပြင်းစရာကြီး
အဲ့ ပျော်ရွင်မှုတွေ ရှာဖွေရတာပေါ့•••
ငါ့သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ်
ငါ့အတွက်ရယ်စရာဖြစ်မဲ့ စာအုပ်တွေ
ငါအူတက်အောင် ဝက်ဝက်ကွဲရယ်ရမဲ့
movie တွေနဲ့ပဲအချိန်ကုန်ခဲ့တယ်••••

တစ်ခါတစ်ခါတော့လည်း မင်းကိုသတိရမိသားပဲ
ကြာတော့ ကြာခဲ့ပါပြီ 
ဒီစာကိုရေးတဲ့အချိန်မှာ အရင်က
မင်းနဲ့ချစ်ခဲ့သမျှက
ဟာသလိုလို ပုံပြင်လိုလိုနဲ့
ကြေကွဲခြင်းတွေမရှိပဲ
ငါမခို့တယို့လေး လှောင်ပြုံးပြုံးလိုက်တယ်။
" အဲ့တုန်းက ငါဟာ အရူး တစ်ယောက်လိုပါပဲလား"
ဆိုတဲ့ အတွေးတွေပေါ့။

ကျေးဇူးပဲဟာ•••••
နောက်ကျောကို အလစ်ဝင်ပြီး
ဓားနဲ့ ပိုင်းသွားတာ 
သေလုမတတ်ခံစားခဲ့ရတယ်
ဒါပေမဲ့လည်း ရင့်ကျက်ခြင်းနဲ့
ကုစားခဲ့ရတာပေါ့။

အော•• တစ်ခုရှိသေးတယ်
ခုတလော FB ပေါ်မှာပြောပြောနေတဲ့
စကားတစ်ခွန်း လောက်ပြောချင်လို့

" ငါသိုင်းတွေတက်လာပြီ
အရင်လို အသည်းမကွဲတော့ဘူး"  :p သိလား?

EX ကြီးရေ•••• မင်းလည်းအဆင်ပြေပါစေ။

အစစအရာရာ မင်းသင်ပေးခဲ့သမျှ သင်ခန်းစာတွေ
အတွက် ကျေးဇူးကို ဇွန်းတပ်ပြီးတင် တယ်။

No comments:

Post a Comment