Thursday 24 November 2016

ကြိုးစားသော်လည်း မအောင်မြင် ရခြင်းဟာ..။

၁။ အချိန်ကို စောင့်..။

အချိန်ကို စောင့်ဆိုတာ ဘာမှ မလုပ်ဘဲ ထိုင်စောင့်နေဖို့က ပြောတာ မဟုတ်ပါ။ မိမိလုပ်စရာ ကြိုးစား လုပ်ကိုင် စရာတွေကို အမြဲလုပ်နေပါ။ 

မိမိအတွက် အောင်မြင်မှု ဆိုတဲ့ နေရာတစ်နေရာ ရောက်ရှိလာပါလိမ့်မယ်။ တစ်ခါတစ်လေ အောင်မြင်မှု မိမိဆီ ရောက်လာတာ ကြာကောင်း ကြာနေလိမ့်မယ် မိမိဘက်က ဇွဲမလျော့ဘဲ ကြိုးစားနေဖို့တော့ လိုတာပေါ့။

၂။ မှန်ကန်တဲ့ ကြိုးစားမှု ဖြစ်ပါစေ

ဒီနေ့ ထလုပ်လိုက် နောက်နေ့ မလုပ်လိုက် စသဖြင့် ကောက်ရိုးမီးလို ခနလောက် လောင်ကြွမ်းတဲ့ အရာမျိုး မဖြစ်စေဘဲနဲ့ မိမိသွားချင်တဲ့ နေရာတစ်ခု ရောက်အောင် အမြဲ အာသွန်းခွန်စိုက် ရှိဖို့ကိုလည်း သတိထားပါ။

၃။ ပေးဆပ်မှု များလေလေ အောင်မြင်မှု ကြီးလေလေပဲ

တကယ့် အမှန်ပါ။ ပေးဆပ်မှု နည်းတဲ့ အောင်မြင်မှု ဆိုတာလည်း သေးသေးလည်း ပါပဲ။ အောင်မြင်တဲ့ သူတွေ အများစုရဲ့ နောက်ခံ သမိုင်းကို ပြန်ကြည့်လိုက်ရင် ပေးဆပ်ထားတဲ့ အရင်းအနှီးက အလွန်ကြီးလွန် ပါပေတယ်။

၎။ ရည်မှန်းချက် မရောက်ခင် လက်မလျော့နဲ့

တော်ပြီကွာ ငါလုပ်ချင်တဲ့ အရာကို အရမ်းပင်ပန်းတယ် လက်လျော့လိုက်တော့မယ့် ဒီလိုလေး အေးအေးဆေးဆေးပဲ နေတော့မယ် သေရင် ကိုယ့်နောက်ပါတာမှ မဟုတ်တာ စသဖြင့် စိတ်ကို လျော့ချလိုက်ကြတယ်။ ဒီလိုဆိုရင် အောင်မြင်မှုကလည်း အနားရောက်ခါနီးမှ ပြန်လှည့်သွားပါလေရော။

၅။ ဖြစ်ချင်တဲ့ စိတ်ပြင်းပြပါစေ

ငါ သူဌေး ဖြစ်ချင်တာ၊ အဆိုတော် ဖြစ်ချင်တာ အဲဒီလို ပြင်းပြင်းပြပြ ငတ်ငတ်မွတ်မွတ်သာ ရှိ အဲဒီလူ တကယ် ဖြစ်တယ်။

 ဖြစ်ချင်တဲ့ စိတ် လုပ်ချင်တဲ့ စိတ် မပြင်းပြရင်တော့ ဘာမှကို ဖြစ်လာမှာ မဟုတ်ဘူး လို့ အကြံပြုပါရစေ။ ဒါကြောင့် ကြိုးစားနေသော်လည်း မအောင်မြင်တာကို ဝမ်းမနည်းပါတယ် ဖြစ်လာပါလိမ့်မယ်။
Ref:(ပစ်တိုင်းထောင်)

No comments:

Post a Comment