Wednesday 16 November 2016

ခြေတစ်လှမ်းနဲ့ စတဲ့သူများ..။


___________________

လူ့ ဘ၀ကို စတဲ့အခါ ပထမဦးဆုံးခြေတစ်လှမ်းကနေ ဘ၀ကိုစတင်အကောင်
အထည်ဖော်ကြတယ် ။ ပထမဦးဆုံးခြေလှမ်းတဲ့အခါ အခက်အခဲတွေများကြီး၊
ကိုယ့်ကိုလည်း ယုံကြည်မှုအပြည့်ရှိရတာပေါ့ ။ ခြေလှမ်း လှမ်းနိုင်ဖို့ ၊ လမ်းစ
လျှောက်ဖို့ မပြောနဲ့ မက်တက်ရပ်ဖို့ တောင် အနိုင်နိုင် ။ အားတင်းပြီး ထတဲ့ချိန်
လဲကျသွားချင်လည်း လဲကျသွားမယ်၊ ယိုင်သွားချင်လည်း ယိုင်သွားမယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ခြေစလှမ်းနိုင်အောင်တော့ ကြိုးစားပြီးထကြရတာပဲ ။ တစ်
ကြိမ်လဲမယ်၊ပြန်ထမယ်၊ နှစ်ကြိမ်၊သုံးကြိမ်၊အကြိမ်ကြိမ်လဲလိုက် ပြန်ထလိုက်လုပ်
တဲ့အခါ ခြေလှမ်းစလျှောက်ဖို့ လမ်းစရပါပြီ ။ ဒါက တကယ်တော့ ဘ၀ကို စတင်
တဲ့အချိန်လို့ ပြောလို့ ရပါတယ် ။ ရှေ့ ဆက်လှမ်းဖို့ က သိပ်မခက်တော့ဘူး။အရှိန်
ရသွားပြီဆိုတော့ နောက်ထပ်အားလေးယူပြီး လျှောက်လိုက်မယ်ဆိုရင် ။ မယိုင်၊
မလဲနဲ့ ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်သွားပြီပေါ့ ။

ဒီလိုပါပဲ ဘ၀မှာ အလုပ်လုပ်ရတဲ့ အချိန်တွေ အများကြီးပဲ ဖြတ်သန်းကြရတယ်။
အကြိမ်ကြိမ်အခါခါ၊ ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးနဲ့  ကိုယ်စီကိုယ်ငှ လုပ်ဆောင်
ရတယ် ။ ဒါပေမယ့် လူတိုင်းတူညီတဲ့အချက်ကတော့ အားလုံး ခြေတစ်လှမ်းက 
စခဲ့ကြသလိုပဲ၊ စတင်လုပ်တဲ့အချိန်မှာ အခက်ခဲတွေများကြီးနဲ့ အမှားမှားအယွင်း
ယွင်း၊ အိုးနင်းခွက်နင်း ဖြစ်ချင်ဖြစ်နေလိမ့်မယ် ။

အရေးကြီးတာ ဒီလိုအခက်ခဲတွေကို တစ်ချိန်တုန်းက ငါဖြတ်သန်းအောင်မြင်ခဲ့
တာပါလားဆိုတဲ့ အတွေး၊ အသိ ခေါင်းထဲမှာ တွေးသိလိုက်ပါ ။ ဒီအရာတွေက
တကယ်တော့ ကလေးဘ၀ ခြေစလှမ်းဖို့ အားယူရတဲ့ အချိန်လောက် မခက်ခဲ
ပါလားဆိုတာ နားလည်လာပါလိမ့်မယ် ။ ခက်ခဲ၊ ပင်ပန်းလှတဲ့ ပထမဦးဆုံးခြေ
တစ်လှမ်းကိုတောင် စတင်လျှောက်ခဲ့ဖူးတာပဲ ဒီလောက်အခဲကို ဘာကြောင့်
မတွန်းလှန်နိုင်ရမှာလည်းဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်ကို ပြန်လည်မွေးဖွား
လိုက်ပါ ။ အောင်မြင်စွာနဲ့ တက်ကြွမှန်ကန်တဲ့ ခြေလှမ်းတွေနဲ့ အတူ မင်းဟာ
လိုရာခရီးကို စိုက်စိုက်မြိုက်မြိုက် အရောက်သွားနိုင်တော့မှာသေချာသွားပြီ ။

ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားတဲ့သူတွေ အားလုံးဟာ ခြေတစ်လှမ်းကနေပြီး
စတင်ခဲ့ကြတဲ့သူတွေချည်းပါ ။ ခြေတစ်လှမ်းက စတင်တာချင်းတူတူ ကိုယ်က
ဘာလို့ အခွင့်အရေးမရှိရမှာလည်း ။ လောကကြီးက အားလုံးကို အခွင့်အရေး
ပေးထားတာပဲ ။ ခံယူချက်၊ ယုံကြည်ချက် ၊ ဖန်တီးနိုင်စွမ်းဆိုတဲ့ အချက်တွေနဲ့ 
ပဲ ကွာသွားတာပါ၊ ကျန်တာတူတူပါပဲ ။ မိမိကိုယ်ကို ယုံကြည်ချက်ပြင်းထန်ခြင်း
ဟာ အတ္တကြီးခြင်း မဟုတ်ပါဘူး ။ ဒါကို နားလည်လိုက်ပါ ။ အကောင်းဆုံးခြေ
လှမ်းတွေကို စတင်လျှောက်ဖို့  အားယူလိုက်ပါ ။ အကြိမ်ကြိမ် ကြိုးစားလာတဲ့
အခါ ဘ၀မှာ အကောင်းဆုံးခြေလှမ်းတွေနဲ့ လျှောက်နိုင်သွားတော့မှာပါ။

လူတိုင်း၊ လူတိုင်းရဲ့ ပထမဦးဆုံးခြေလှမ်းလေးတွေ အဆင်ပြေပြေနဲ့ လျှောက်
လှမ်းသွားနိုင်ပါစေ....။

#copy #cd True Man

No comments:

Post a Comment