Monday 7 November 2016

မိမိ ဘာဖြစ်ချင်တာလဲ...။


ဘ၀မှာ ” မိမိ ဘာဖြစ်ချင်တာလဲ” ဆိုတာကို သိနေဖို့ ဟာ ပထမဆုံးအရေးကြီးပါတယ်။ ဘာဖြစ်ချင်တယ်ဆိုတာ သိနေမှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားနိုင်မှာပါ။

ရှေ့ မှာ လုပ်ရမယ့်အရာတွေကို အခုကတည်းက စီမံထားတာ မရှိရင် အောင်မြင်မှုရဖို့ ထက် ရှုံးနိမ့်ဖို့ က ရာနှုန်းများတယ်။ ဘာလုပ်ရမှန်းမသိတော့ ဖြစ်သလို လုပ်မိသွားတတ်တာပေါ့။ ဖြစ်သလို လုပ်တတ်တာဟာ ဘ၀ကို စီမံမှုလုပ်တဲ့အခါမှာ အထောက်အကူ မပေးနိုင်ပါဘူး။
မိမိကိုယ်ကို အရင်သိအောင် လုပ်တတ်ရမယ်။

ကိုယ့်ရဲ့ စိတ်ကူး၊ ကိုယ့်ရဲ့ ယုံကြည်မှု၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို တကယ်သိမှ ဘယ်ချိန်မှာ ဘယ်ထိဖြစ်နိုင်မယ်ဆိုတဲ့ အချိန်ကို သတ်မှတ်လို့ ရမှာလည်း ဖြစ်ပါတယ်။
အချိန်ကန့် သတ်ချက်က ဘ၀အောင်မြင်ရေးမှာ အရေးကြီးပါတယ်။

ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာမျိုးမရှိတဲ့အခါ တွေဝေတာမျိုးဖြစ်နိုင်တယ်။ အချိန်ကို စီမံမှုလုပ်တဲ့အခါ တွေဝေတတ်ရင် တိကျတဲ့ ရလာဒ်ကို အချိန်လွန်မှရလိမ့်မယ်။
ဒါတွေဟာ မိမိကိုယ်ကို မသိတာကြောင့်ဘဲ ဖြစ်လာတာပါ။

လူတစ်ယောက် ကိုယ့်ရဲ့ရည်မှန်းချက် ကိုယ်မသိတဲ့အခါသူ့ ပတ်ဝန်းကျင်လည်း အခက်တွေ့ စေတယ်။ သူကိုယ်တိုင်လည်း အကြီးမားဆုံး ကျရှုံးမှုကို ခံစားရနိုင်တယ်။ ဘာလို့ လည်းဆိုတော့ မိမိကိုယ်ကိုတောင် မသိတဲ့သူဟာ သူတပါးကိုလည်း နားလည်မှုပေးနိုင်ဖို့ မလွယ်ဘူး။

တိုးတက်မှုကို ရှာဖွေတဲ့အနေရာမှာ ” မိမိ ဘာဖြစ်ချင်တာလဲ ” ဆိုတဲ့ အမေးကို ကိုယ်တိုင် ပြန်မေးကြည့်ပါ။ သေချာတဲ့ အဖြေကို ရှာဖွေဖော်ထုတ်ပါ။ ဒါမှ မနက်ဖန် ကိုယ်ဘာလုပ်သင့်လဲဆိုတာ ရှင်းရှင်းလင်းလင်း သိလာပါမယ်။

Credit to True Men

No comments:

Post a Comment